စားပြီးရင်လည်း ထပ်စားချင်နေတုန်းဘဲ့...ဝက်ဖြစ်တော့မယ်^. ^

45.1K 3.7K 48
                                    

Chapter - 33
|| Zawgyi ||

" အလုပ်ကိုပြန်ပို့ပေး "

လင်းယဲ့ ဟောက်ရန်ကိုဘေးတစ်စောင်း ကြည့်ကာပြောလိုက်တယ်။ ဒါမဲ့ဟောက်ရန်က ကားကိုသာဆက်မောင်းနေတယ်။ ဒါကြောင့်လင်းယဲ့ကပဲ ထပ်ပြောရသည်။

" ကျွန်တော်အလုပ်နော် ခင်ဗျားကြားရဲ့လား "

" အင်း အိမ်ပြန်ပို့ပေးမယ်။ အလုပ်မှာကျန်တဲ့ မင်းပစ္စည်းတွေကို လူလွှတ်ယူခိုင်းမယ် "

ဟုတ်တယ်။ အလုပ်မှာတစ်ခုခုဖြစ်ရင် အဝတ်အစားလဲဖို့ အပိုအဝတ်အစားရှိတယ်။ ဒါလေးဘဲ့ကျန်ခဲ့တာ။ လင်းယဲ့ စိတ်ပူတာက ဒါတွေမဟုတ်ဘူး။ အလုပ်ရှင်ဦးလေးကိုပဲ့ဖြစ်တယ်။ သူကရုတ်တရက်ကြီးလာပြီး အလုပ်တောင်းတော့ ဦးလေးကပေးခဲ့သည်။ အခုရက်ပိုင်းလေးဘဲ့အလုပ်လုပ်ပြီး ထွက်တော့မယ်ဆိုတာ မသိတတ်ရာကျသွားပြီလေ။ မျက်နှာလည်းပျက်ရတယ်၊အားလည်းနာရတယ်။ ဒါတွေကြောင့်ပဲ အလုပ်မထွက်ချင်တာ။ ဒါမဲ့ဒီလိုအတွေးတွေကို မတွေးတတ်တဲ့ ဟောက်ရန်ကတော့နားလည်မှာ မဟုတ်ဘူး။

အခုလည်းကြည့်။ ကျွင်းအိမ်တော်ဘက်ကို ဦးတည်မောင်းသွားတာ။

လင်းယဲ့ သူ့အလုပ်ရှင်ကိုဖုန်းလေးနဲ့တော့ အကြောင်းကြားသင့်တယ်လို့ တွေးမိတာာကြောင့် ဖုန်းဖွင့်လိုက်တော့ မက်ဆေ့တစ်စောင်ဝင်နေသည်။

' ကိုယ်ဝန်သည်ပိုင်လင်းယဲ့ မနက်၈နာရီလောက် ကိုယ်ဝန်အတွက် ဆေးရုံကိုလာခဲ့ပေးပါ '

စာကိုဖတ်ပြီး လင်းယဲ့လက်နဲ့သူ့မျက်နှာကို ရှက်ရွံစွာဖုံးအုပ်လိုက်ရသည်။ အခုသူ့မျက်နှာက နီရဲနေမှာအမှန်ဘဲ့။

ချီး...ကိုယ်ဝန်သည်ပိုင်လင်းယဲ့တဲ့လား ဒီတိုင်းနာမည်လေးဆို အဆင်ပြေပါပြီ။ ဒါကြီးကနည်းနည်းတော့ ထူးဆန်းတယ်လို့မထင်ဘူးလား။

ဟောက်ရန် ကားရပ်လိုက်တာကိုတောင်မသိဘဲ မျက်နှာကိုလက်နဲ့အုပ်ထားတဲ့ လင်းယဲ့ကိုစေ့စေ့ကြည့်လိုက်သည်။ နားရွက်တွေကစ အနီရောင်ပြောင်းနေတာကြောင့် အချဉ်ပေါက်လာပြီး ဖုန်းကိုလှမ်းယူလိုက်တယ်။

ဘာကိစ္စကြောင့် ဒီလောက်အဖြစ်သဲနေရတာလဲ။ ဘယ်အကောင်စာပို့ထားတာလဲ။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now