အား...! နောက်ဆုံးတော့......သိသွားခဲ့ပြီဘဲ့

50.9K 4K 107
                                    

Chapter - 24
|| Zawgyi ||

" အကယ်၍ အဲ့ကလေးကခင်ဗျားကလေးဆိုရင်ရော "

သူတို့ရဲ့ကားနဘေးက ကားကြီးတစ်စီးဖြတ်သွားတာမို့ ထိုကားရဲ့မီးအလင်းရောင်က သူတို့ရဲ့မျက်နှာပေါ်ကို ဖြတ်ခနဲကျသွားခဲ့တယ်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်နေခဲ့ပြီး သူတို့ရဲ့အကြည့်တွေကတော့ မတူညီခဲ့ပေ။ ပိုင်လင်းယဲ့ဆိုတဲ့ ကောင်လေးရဲ့အကြည့်တွေက စိတ်ပျက်မှုနဲ့ သီးမခံနိုင်မှုတွေ ရောနှောပါဝင်နေခဲ့သလို ကျွင်းဟောက်ရန်ကတော့ ဘာမှနားမလည်၊မသိတတ်သေးတဲ့ ကလေးတစ်ယောက်လို ကြောင်အအကြည့်နေခဲ့တယ်။

မိနစ်အနည်းငယ်မျှငေးကြောင်နေပြီးမှ ဟောက်ရန်ကစကားစလာခဲ့တယ်။

"ငါ့ကလေး ငါ့မှာကဘယ်လိုလုပ်ကလေးရှိမှာလဲ"

"ဟက်....ကျွန်တော်အမေနဲ့ ဆေးရုံမှာဘာလို့တွေ့တယ်ထင်လဲ။ ကျွန်တော် ခင်ဗျားရဲ့ ကလေးလွယ်ထားရလို့...!!!! "

** ငါပြောလိုက်ပြီ အာ? **

လင်းယဲ့ ရဲ့စိတ်တွေအားလုံးပုံမှန်ပြန်ဖြစ်သွားပြီး ထိတ်လန့်စွာနဲ့ ဟောက်ရန်ကိုကြည့်လိုက်တယ်။ ဟောက်ရန်ကတော့ ခေါင်းကိုတချက်ခါလိုက်ကာ တကယ်ကိုမပြောတတ်တော့တဲ့ ပုံဖြစ်နေတယ်။ ဟောက်ရန်ရဲ့အတွေးတွေထဲမျောပါနေပြီး အရင်ကအိပ်ရာပေါ်မှာပြောခဲ့တဲ့ လင်းယဲ့အသံသေးသေးလေးနဲ့ ' မဖြစ်ဘူး ကလေး ' ဆိုတဲ့အပြောကိုပြန်ကြားလိုက်ရသလိုဘဲ့။

" အာ....မင်း...မင်းမှာကိုယ်ဝန်နဲ့ ဒါမဲ့ယောက်ျားလေး ဘယ်လိုလုပ်ကိုယ်ဝန်ဆောင်နိုင်မှာလဲ "

" ရတယ်...ယုံ၊မယုံကျွန်​တော်နဲ့မဆိုင်ဘူး...ကလေးကိုလည်းကျွန်တော် တစ်ယောက်ထဲတာဝန်ယူနိုင်တယ်။ မကြာခင်ကွာရှင်းတော့မှာဘဲ့ ခင်ဗျားတို့ကိုမနှောက်ယှက်ပါဘူး အခုကျွန်တော်သွားလို့ရပြီလား ခင်ဗျားသိတဲ့အတိုင်းဘဲ့ ကျွန်တော့်အိမ်ကနည်းနည်းဝေးတယ်လေ "

ကားပေါ်ကဆင်းသွားတဲ့ လင်းယဲ့ကိုမဆွဲနိုင်ခဲ့ဘူး။ အဲ့ဒါထပ်ဆွဲဖို့အားမရှိတော့သလိုဘဲ့ ။ အပြင်ကတစ်ရွေ့ရွေ့ဝေးသွားတဲ့ လူရိပ်လေးကိုကြည့်ရင်း နောက်ဆုံးကားပေါ်ကနေထပ်ပြီး ဆင်းပြေးသွားမိတယ်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now