Extra. ကျွင်းဟောက်ရန်

50.3K 3.9K 67
                                    

( ဒါကဟောက်ရန်အတွက် သီးသန့်ဖြစ်တဲ့ သူ့ရဲ့အပိုအတွေးတစ်ခုပါ extra အပိုလေးအဖြစ်သီးသန့်တင်လိုက်တာပါ )

--------------------------------

Chapter - 13 And Extra.
|| Zawgyi ||

စိတ်တွေတော်တော့်ကိုရှုပ်ထွေးနေတယ်။ ပထမဆုံးကနေတွေးလိုက်ရင် သူကအရင်ကတော်တော်ကို မာနကြီးခဲ့တယ်။ ပိုင်လင်းယဲ့ ဆိုတဲ့ကောင်လေးကို အမေပြတဲ့ဓာတ်ပုံထဲမှာ စတွေတုန်းက ကလေးဆန်ပြီးချစ်ဖို့ကောင်းတယ်လို့ တွေးဖူးတယ်။ ဒါပထမဆုံးတုန့်ပြန်မှုအစစ်ဘဲ။ ဒါမဲ့အဆင့်အတန်းမမြင့်မားဘူး၊ ပညာအရည်အချင်းမပြည့်စုံဘူး၊ စတဲ့စတဲ့အချက်တွေနဲ့ လက်မခံနိုင်ဖြစ်ခဲ့တယ်။

ငါ(ဟောက်ရန်)ကသူစိမ်းတွေ ပြောရရင်အဆင့်အတန်းနိမ့်တဲ့ သူတွေကိုထိရမှာအရမ်းမုန်းတယ်။ ရွံတယ်။ ဒါမဲ့လင်းယဲ့ကိုလိုချင်တယ်။ အဲ့ဒါကသူ့ခန္ဓာကိုယ်ကိုသာ သူ့ရဲ့ဆန္ဒကိုဖြည့်ပေးနိုင်တယ်။ လင်းယဲ့ကိုအမြဲသူ့အပိုင်အရုပ်လို သဘောထားခဲ့တယ်။ လင်းယဲ့က သူ့ကိုချစ်တယ်ဆိုသိပေမဲ့ မာနကိုရှေ့တန်းတင်ပြီး လှည့်ကြည့်ဖို့ စိတ်ကူးမရှိခဲ့ဘူး။

သူ့အမိန့်နာခံတဲ့သူကို သဘောကျတယ်။ ယုဟိုင်ဆိုတဲ့ကောင်လေးနဲ့ စတွေ့တုန်းက အတော်အသင့်ချမ်းသာပြီး နိုင်ငံခြားကပညာတော်သင်ကောင်လေး တစ်ယောက်ပေါ့။ ရုပ်ကလည်း မျက်နှာလိမ်းခရင်တချို့ကြောင့် လှပနေတယ်လေ။ သူကယုဟိုင်ကိုဒါတွေကြောင့် သဘောကျတာ။ သဘောအကျဆုံးက သူနဲ့ယုဟိုင်ဖုန်းပြောတဲ့အချိန်၊ သူကယုဟိုင်ကို အလောတကြီးသွားတွေ့ဖို့ ပြင်တဲ့အချိန်တွေဆို လင်းယဲ့ မျက်နှာလေးငယ်နေတာလေးကို အရမ်းသဘောကျတယ်။ လင်းယဲ့ သဝန်တိုသလိုနှုတ်ခမ်းစူထွက်နေတာလေးကို သဘောကျတယ်။ အဲ့လိုပုံလေးကို မြင်ရဖို့အမြဲယုဟိုင်နဲ့ ဆက်သွယ်ပြီးစကားတွေပြောခဲ့တယ်။ မျက်လုံးတွေကတော့ လင်းယဲ့ကိုကြည့်ရင်းပေါ့...

အခုလိမ္မာတဲ့ကောင်လေးက အဆိုးလေးဖြစ်နေပြီ အရင်လို လိုသလိုထိန်းမချုပ်နိုင်တော့ဘူး။ အဲ့ဒါလေးကလည်း တမျိုးဆွဲဆောင်မှုရှိသလိုလိုနဲ့ မြူ ဆွယ်နေသလိုလို... ယုဟိုင်အကြောင်းသိတယ်။ ပညာတော်သင်မှာလဲ နေ့တိုင်း club နဲ့party တွေမှာသာရှိတယ်ဆိုတာ...အခုလည်းဘဲ့ သူ့မိဘတွေဆီသွားမယ်ပြောပေမဲ့ သောက်စားမူးယစ်နေတာကိုပေါ့..

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Onde as histórias ganham vida. Descobre agora