Coffee☕ time⏱....What time?🔎

27.1K 2.5K 15
                                    

Chapter - 64
|| Zawgyi ||

ဟောက်ရန်နဲ့ အဆင်ပြေသွားတာနဲ့ အံဆွဲတိုင်းကိုမွှေလိုက်သည်။

ဟင်း...ငါ့ကိုတစ်ခုမှဖုံးကွယ်ဖို့မကြံနဲ့။

သူက ဘဝင်ရူးပေးခဲ့တဲ့စာရွက်ကိုပဲ့ ရှာနေတာမို့ဟောက်ရန်ကိုသတိမထားမိတော့ဘူး။ ဟောက်ရန်ကသူကို ငါးခူပြုံးကြီးနဲ့ကြည့်နေတာ။

လင်းယဲ့ ဘောပင်နဲ့ရေးထားတဲ့ စာရွက်လေးကိုတွေ့သွားသည်။ ဒါကဖုန်းနံပတ်တစ်ခုနဲ့ ကလပ်တစ်ခုရဲ့နာမည်ပဲ့။

" ကျွင်းဟောက်ရန်...ကလပ်နာမည်တောင် ပေးထားတာပဲ့နော်။ ကိုယ့်ကိုယ်ကို လူပျိုလေးထင်နေတုန်းလား "

" အင်း မင်းမသွားခိုင်းရင် ကိုယ်မသွားပါဘူး "

လင်းယဲ့ဖုန်းနံပတ်ကို ကူးယူလိုက်တယ်။ အလိုရှိလာရင်သုံးဖို့ပေါ့နော်။

ဟောက်ရန် ငါ့စကားနားထောင်တာကောင်းပေမဲ့ သူ့ကိုအရမ်းထိန်းချုပ်နေသလိုဖြစ်သွားပြီလား။ မတတ်နိုင်ဘူး အဲ့အကောင်နဲ့ဆို ကျိန်းသေပြဿနာတတ်လိမ့်မယ်။

ထမင်းစားနားချိန်ပြီးတာနဲ့ ဟောက်ရန်မှာအစည်းအဝေး အသေးစားတစ်ခုပေါ်လာသည်။ ဟောက်ရန်ကအစည်းအဝေးကို ဖုန်းမယူသွားဘူး။ ဒါကြောင့်လင်းယဲ့မှာ ဟောက်ရန်ဖုန်းထဲလျှောက်မွှေနေတော့တယ်။

" ဒီပုံမြင်ဖူးသလိုပဲ့ သူကဘယ်သူလဲ "

ဟောက်ရန်ဖုန်းထဲမှာ ကျောပေးထားတဲ့ ကောင်လေးတစ်ယောက်ပုံရှိနေတယ်။ ဒီကောင်လေးကိုလင်းယဲ့ အရမ်းရင်းနှီးတယ်လို့ တွေးနေတယ်။

ဟုတ်တယ်။ ဒီကောင်လေးကဘယ်သူလဲ။ သူ့ပုံကိုရင်းနှီးနေတယ်။ ဟောက်ရန် လဒကြီးဘယ်ကောင်လေးပုံတွေများ ထည့်ထားပြန်တာလဲ။ အကျီ င်္ပွပွလေးနဲ့ဒူးလောက်ဘောင်းဘီ ဝတ်တာမကြိုက်ဘူးဆိုပြီး ဒီကောင်လေးဝတ်ထားတာကိုတော့ ဖုန်းထဲသိမ်းထားတယ်ပေါ့။

Buzzzzz. ..

ဟောက်ရန်ဖုန်းက ဖုန်းတစ်ကောလ် ရုတ်တရက်ဝင်လာခဲ့တယ်။ နာမည်က Bro. ယွမ်ကျိုးတဲ့...

" ဟလို "

". ........ . "

"ဟုတ် အကိုယွမ်ကျိုး ဟောက်ရန် သူအစည်းအဝေးလုပ်နေတာ ဘာကိစ္စရှိလို့လဲဗျ ကျွန်တော်ပြောပေးမယ်လေ "

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Tempat cerita menjadi hidup. Temukan sekarang