WTF! သဘောကျတယ်တဲ့...ယုံလို့ရမယ်ထင်လာ?

42.4K 3.6K 31
                                    

Chapter - 37
|| Zawgyi ||

" ဒါကိုယ့်ရုံးခန်း မင်းဟိုဘက်နားနေခန်းမှာ အိပ်လို့ရတယ် "

လင်းယဲ့ ခေါင်းငုံ့ပြလိုက်ပြီး ဟောက်ရန်ရုံးခန်းကို သေချာလိုက်ကြည့်နေသည်။ ထို့နောက်စိတ်ထဲကမသက်မသာဖြစ်လာသည်။

ငါလေးအခုမှဒီရောက်ဖူးတယ်။ ဒီနေရာမှာယုဟိုင်ရဲ့ ခြေရာတွေကအရမ်းများနေမှာ ငါလေးအရင်ကတည်းက ဒီကိုလာဖူးသင့်တယ်။

" ကျွန်တော်ဒီမှာခဏလောက် လျှောက်ကြည့်လို့ရလား"

" အင်း... "

ဟောက်ရန် သဘောတူပြီးတာနဲ့ သူ့ခုံပေါ်မှာထိုင်ပြီး ရှယ်ယာဈေးတွေပြန်စစ်နေလိုက်သည်။ အလုပ်ထဲအာရုံဝင်သွားတာမို့ လင်းယဲ့ကိုမကြည့်ဖြစ်ဘူး။

လင်းယဲ့လေးက ဟောက်ရန်ရုံးခန်းထဲက ပစ္စည်းလေးတွေကိုလိုက်ကြည့်နေတယ်။ ဒီတစ်ခန်းမှာအလှဆင်ထားတာက သင့်တော်ပြီးခေတ်မှီတဲ့ ပစ္စည်းတွေနဲ့ အပိုအလိုမရှိဘူး။ နရံမှာကပ်ထားတဲ့ အထပ်တွေအများကြီးနဲ့ စင်လေးအနားကိုလျှောက်သွားလိုက်တယ်။ စင်ပေါ်မှာ ပြိုင်ကားအရုပ်လေးတင်ထားတယ်။ ကားလေးကိုကြည့်ရင်း စင်ပေါ်ကအုပ်လေးကို သတိထားမိသွားတယ်။ ၁၂လက်မလောက်ရှိတဲ့ အုပ်လေးကိုစိတ်ဝင်စားသွားပြီး ယူမလို့ပြင်လိုက်တယ်။ ဒါမဲ့သူများပစ္စည်းဆိုတာ မထိခိုင်းပဲ ထိလို့မသင့်တော်ဘူးလေ။

" ဟောက်ရန် ဒီအုပ်လေးကျွန်တော်ကြည့်လို့ရလား "

ဟောက်ရန်ကလင်းယဲ့ကိုမကြည့်ပဲ ခေါင်းငုံ့ပြလိုက်သည်။ လင်းယဲ့သဘောတူလိုက်တာ မြင်တာနဲ့ စင်ရဲ့အပေါ်ဆုံးကအုပ်လေးကို မမှီတစ်မှီနဲ့လှမ်းယူလိုက်တယ်။ ထို့နောက်အုပ်လေးကိုဖွင့်လိုက်တော့ အရမ်းရင်းနှီးတဲ့ပစ္စည်းလေးကို မြင်လိုက်ရသည်။

ကျောက်စိမ်းဇာမဏီငှက်နှစ်ကောင် ပိုင်မျိုးရိုးရဲ့ မိဘအမွေလေး

" အာ...ဒါလေးဘယ်လိုလုပ် ဒီမှာရှိနေတာလဲ "

ဒါကကွဲသွားပြီမဟုတ်လား။ ငါနောက်ဆုံးမြင်ခဲ့တာ ကွဲကျေနေတဲ့ကျောက်စိမ်ပြားလေးလေ အခုဘယ်လိုလုပ်အကောင်းတိုင်းရှိနေတာလဲ။ ဟောက်ရန် ပြန်ပြင်ထားတာလား။ အိုး...မဖြစ်နိုင်တာကြီး...

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now