အထင်လွဲခြင်းသီးခံပါ...ငါ့နှဖူးပေါ်မှာရေးထားရမယ်

49.1K 4.1K 94
                                    

Chapter - 23
|| Zawgyi ||

ဟောက်ရန် ကိုရုတ်တရက်ကြီးမြင်လိုက်ရတော့ မျက်ရည်တွေကအလိုလိုပြန်ဝင်သွားကြတယ်။ လင်းယဲ့လေးက မတ်မတ်ရပ်လိုက်ပြီး ဟောက်ရန်နဲ့ ဝေးအောင်ရပ်လိုက်တယ်။

" ဒီကို....ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ?"

ဘာကလေးလဲ မဟုတ်မှလင်းယဲ့ အဲ့ကောင်လေးမှာ ကလေးရှိနေတာလား။ ငါ့ကိုလိမ်ထားတာလား။ တောက်...ဘယ်မိန်းမနဲ့ရထားတဲ့ ကလေးလည်း ငါသိမှဖြစ်မယ်။

( saung/ ပိန်းနေလိုက်နင်..ပိန်းဥများမျိုချထားတာလားကွာ😌)

လင်းယဲ့ ဟောက်ရန်ရဲ့တဖြည်းဖြည်း ဒေါသထွက်လာတဲ့ပုံကြောင့် ကြောက်တောင်ကြောက်လာမိတယ်။ သူ့ရဲ့စိတ်ထဲမှာရှိနေတာက....မဟုတ်ဘူး..... သူ့စိတ်ထဲမှာဘာမှကိုမရှိတော့တာ။ အရာအားလုံးကဗလာသက်သက်ဖြစ် သွားခဲ့တာ။

" ပြောလေ ဘယ်ကကလေးလဲ"

" ကျွန်တော်....ကျွန်တော်" ** ပြောလိုက်ရမလား **

လင်းယဲ့ တွေးတောနေရင်း ငေးကြောင်နေတာကြောင့် ဟောက်ရန်သူ့အနားကပ်လာပြီး သူ့လက်ကိုဆောင့်ဆွဲလိုက်မှ သတိပြန်ဝင်လာတယ်။ လက်ကောက်ဝတ်ကို သူ့ရဲ့အားကြီးနဲ့ဆုပ်ကိုင်ထားတာမို့ သွေးလည်ပတ်မှုမမှန်တော့ဘဲ တင်းကျပ်နာကျင်လာတာကြောင့် အလောတကြီးဆွဲခွာမိတယ်။

" ခင်ဗျားနဲ့မဆိုင်ဘူး...."

"ဟက်...ဟုတ်လား ငါ့ကိုလိမ်ထားတာအပြစ်မပေးသင့်ဘူးလား"

"အ့...နာတယ်လွှတ်"

လက်ကိုလုံးဝလွှတ်မပေးဘဲ သူ့ရဲ့ရပ်ထားတဲ့ကားအနားဆွဲခေါ်သွားတယ်။ ကြောက်တယ်။ ဒီလိုအခြေအနေကြီးကို ထိန့်လန့်တယ်။ သူထိန့်လန့်မှုက ပြောမပြတတ်လောက်အောင်ဘဲ့။ သူ့(ဟောက်ရန်)ရဲ့ဒေါသအကြည့်တခုကိုတောင် မခံနိုင်တာ။ဒီလိုမျိုး အကြမ်းပတမ်းဆွဲသွားပြီး မကောင်းတဲ့ခံစားချက်ကြီးကို ပေးစွမ်းနေချိန်မှာပိုပြီးတော့တောင် ကြောက်နေမိတယ်။

"ဟောက်ရန်.....နေဦး "

"အမေပြောတာ သူငယ်ချင်းကလေးမွေးတာ လိုက်ကူညီပေးမလို့ဆို။  မင်းကဆေးရုံမှာ မင်းမိန်းမကလေးမွေးတာ သွားစောင့်ပေးတယ်လို့ ပြောသင့်တာမဟုတ်လား အဲ့ဒါမင်းကလေးလား"

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Tempat cerita menjadi hidup. Temukan sekarang