ကျွန်တော်နဲ့ကျွန်တော့ယောက်ျား...Umm?

30K 2.8K 41
                                    

Chapter - 61
|| Zawgyi ||

လက်ထပ်ပြီး သုံးနှစ်ပြည့်နေ့

" ခင်ဗျား ဒီနေ့ကွာရှင်းပေး "

" လျှောက်မပြောနေနဲ့ လင်းယဲ့ရာ "

ဧည့်ခန်းအတွင်းက ဆိုဖာပေါ်မှာ အခန့်သားထိုင်နေတဲ့ လင်းယဲ့။ သူကအရမ်းကိုဒေါသထွက်နေပြီး မတရားခံရတဲ့ပုံပေါက်နေခဲ့တယ်။ သူ့အရှေ့ကဟောက်ရန်မှာ တစ်နေရာကနေပြေးလာခဲ့ရပုံနဲ့ နားထင်နားကတောင် ချွေးတွေစီးကျနေသည်။ လင်းယဲ့ကဆိုတယ်။

" ကျွန်တော်ပြောတဲ့အချိန်မှမလာတာလေ...အခုတောင် ငါးမိနစ်တောင်ကျော်သွားပြီ "

" ok ကိုယ်ရောက်လာပြီလေကွာ ဒီမှာမင်းမှာလိုက်တဲ့ ဟိုအိမ်နားက ဂဏန်းပေါင်း "

( saung note/ လင်းယဲ့ ငှါးထားတဲ့အခန်းအနားက ဂဏန်းဆိုင်လေးပါ)

လင်းယဲ့က ဟောက်ရန်ကုမ္ပဏီမှာ အလုပ်လုပ်နေတုန်း ဖုန်းနဲ့လှမ်းဆက်ကာ ထိုဆိုင်ကဂဏန်းကိုသာစားချင်ကြောင်းဆိုတယ်။ သူကနာရီအတိအကျတောင် ပြောလိုက်သေးတယ်။ ဟောက်ရန်ကအလုပ်ကနေပြေးထွက်ပြီး အလုပ်နဲ့ဆန့်ကျင်ဘက်က ဂဏန်းဆိုင်ကိုပြေးရသေးတယ်။ ဆိုင်ကိုရောက်တော့ လူများနေလို့စောင့်ရသေးတယ်။ ဟောက်ရန်ကဒီလိုလမ်းဘေးက ဆိုင်မှာတန်းစီစောင့်ရမယ်လို့ လုံးဝမထင်ထားဘူး။ စိတ်အိုက်ပြီးပြန်လာအချိန်မှာ အဟောက်ခံလိုက်ရတော့ ဟောက်ရန် တင်းသွားသည်။

" ကိုယ်ပြန်လာပြီလေကွာ...ကိုယ်မင်းစားဖို့ ထည့်ပေးမယ်နော် "

ဟောက်ရန် လေသံကစိတ်မရှည်ပုံပေါက်နေတာမို့ လင်းယဲ့ထငေါက်တော့တယ်။ သူကထိုင်ရာကနေရပ်လိုက်ပြီး စိတ်တိုနေတဲ့ပုံကနေ သနားစရာပုံလေးပြောင်းသွားတယ်။

" သိနေတယ် ကျွန်တော်သိနေတယ်။ တစ်နေ့ဒီလိုပြောတော့မယ်ဆိုတာ။ ကျွန်တော့ကိုချစ်တယ်လို့ပြောပေမဲ့ အခုနည်းနည်းလေးတောင် မသထာတော့ဘူးမလား။ ကျွန်တော့ကိုကလေးမွေးစက်လိုပဲ့ သဘောထားတာ။ "

" လင်းယဲ့...မဟုတ်ပါဘူးကွာ။ လာပါအုံး ကလေးလေး ဖေဖေလေးရဲ့ "

လက်ထဲက ဂဏန်းထုတ်ကိုစားပွဲပေါ်ချပြီး စူပုပ်နေတဲ့လင်းယဲ့ကို ရင်ခွင်ထဲဆွဲသွင်းလိုက်ရသည်။ အခုနေမချော့ရင်ပိုဆိုးလာတော့မှာ။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now