ငါဘာကြောင့်အိမ်ပေါ်ကဆင်းပြီး အလုပ်လုပ်နေတာလဲ?

46.3K 3.7K 8
                                    

Chapter - 29
|| Zawgyi ||

အလုပ်လုပ်နေတဲ့ တစ်လျှောက်လုံး အမှားတွေဘဲ့လုပ်နေမိတယ်။ အာရုံကလည်းခဏခဏ လျှောက်ရောက်နေတယ်။ ဈေးဝယ်သူတွေမှာတဲ့ စားစရာကိုတောင် မှားမှားယွင်းယွင်းနဲ့ချပေးမိတာကြောင့် ဖေးအာရဲ့အထုအထောင်းတောင် ခံလိုက်ရသေးသည်။

အာရုံများရတဲ့အလုပ်ချိန်ပြီးတော့ နေ့လည်စာစားချိန်ရောက်လာတယ်။ လူကပါးလာပြီး ဆိုင်မှာစားသောက်သူအနည်းငယ်သာ ကျန်တော့သည်။ ဖေးအာနဲ့အတူနေ့လည်စာသွားဝယ်စားမလို့ ချိန်းထားပေမဲ့ ဖေးအာရဲ့အဖွား​နေမကောင်းဖြစ်တာကြောင့် အလုပ်တစ်ပိုင်းနားလိုက်ရတယ်။

ဖေးအာရဲ့အဖွားကအသက်၇၀ကျော်နေပြီ။ လင်းယဲ့ငယ်ငယ်က ဖေးအာအိမ်ကိုအလည်သွားဖူးတယ်။ အဖွားကလင်းယဲ့ကိုအရမ်းချစ်တယ်။ ဒါကြောင့်တစ်နေ့တော့ ဖေးအာအဖွားဆီကိုသွားလည်ဖို့ ဆုံးဖြတ်လိုက်တယ်။

" အကို​ရှောင်ယဲ့ ကျွန်တော်ပြန်အုံးမယ် အလုပ်ချိန်မှပြန်တွေ့မယ်နော် "

" အင်း..."

လန်ရှင်း နှုတ်ဆက်ပြီးနောက်ထပ်ဝန်ထမ်း ကောင်မလေး ချီရှမ်း နဲ့အတူပြန်သွားတယ်။ သူတို့တွေကငယ်သေးတယ်။ တက္ကသိုလ်နောက်ဆုံးနှစ်တတ်ရင်း အလုပ်လုပ်နေတဲ့သူငယ်ချင်းတွေဘဲ့။ လင်းယဲ့ သူတို့ကိုကြည့်ရင်း ငယ်ငယ်ကဖေးအာနဲ့သူနဲ့အချိန်တွေကို ခဏခဏပြန်သတိရတယ်။ ငယ်ငယ်ကဆိုအရမ်းလွပ်လပ်ခဲ့တယ်။

" အား...ငါတစ်ယောက်ထဲကျန်ပြီ နေ့လည်စာဘာစားရမလဲ "

တစ်ယောက်ထဲရှိနေတာမို့ အပြင်းကျောဆန့်ရင်းနဲ့ အသံကျယ်ကျယ်ညီးညူလိုက်မိတယ်။ အသံတောင်မဆုံးသေးဘူး အတွင်းဘက်ကနေ ချူးစစ်ရှန်းထွက်လာတာကို မြင်လိုက်ရသည်။ လင်းယဲ့ ကထိုင်ရာကထပြီး နှုတ်ဆက်လိုက်တယ်။

" အကိုစစ်ရှန်း "

" အင်း မင်းနေ့လည်စာမစားသေးဘူးမလား ကိုယ်နဲ့အတူသွားစားရအောင် "

လင်းယဲ့ ငြင်းမလို့ပါးစပ်ဟလိုက်ပေမဲ့ စစ်ရှန်းကအားတတ်သရော ကြည့်နေတယ်။ နောက်ဆုံးမတတ်သာပဲ အင်တင်တင်ပြုံးလိုက်ပြီး လက်ခံလိုက်ရသည်။ လင်းယဲ့ ယူနီဖောင်းကို လဲလိုက်ပြီး ဆိုင်အပြင်ကိုထွက်လာခဲ့တယ်။အပြင်မှာ စစ်ရှန်းဖွင့်ပေးထားတဲ့ ကားတံခါးအနားကို သက်ပြင်းတစ်ချချနဲ့ သွားလိုက်တယ်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Nơi câu chuyện tồn tại. Hãy khám phá bây giờ