Extra အရာအားလုံးထပ်ပြီးမရနိုင်ဘူး

24.6K 2K 13
                                    

Extra - 2
|| Zawgyi ||

" ထောင်ဝင်အမှတ်****** ကျွမ်းချင်းချင်း နင့်ကိုလာတွေ့နေတယ် "

ချင်းချင်းကသူ့ရဲ့ ညိုမဲစွဲနေပြီး မျက်တွင်းကျနေတဲ့ မျက်လုံးတွေကိုအားယူဖွင့်လိုက်သည်။ ထို့နောက်တံခါးဖွင့်သံ အကျယ်ကြီးနဲ့ အလင်းရောင်ကိုမြင်လိုက်ရတယ်။ သူမကရှုပ်ပွနေတဲ့ဆံပင်ကို ကုတ်လိုက်ပြီးအပြင်ကိုချိနဲ့စွာ ထွက်လာတယ်။ ရဲမေတစ်ယောက်က သူမအပြင်ရောက်တာနဲ့ လက်ထိပ်လာခပ်တယ်။ ချင်းချင်းအရှေ့ကနေ လျှောက်သွားပြီး လူတွေ့အခန်းထဲဝင်လိုက်တယ်။

" ဟဲလို ရှောင်ချင်း "

ချင်းချင်းက

" နင်တို့ပဲ့..."

ယွမ်ကျိုးကဖော်ရွေစွာပဲ့ ပြုံးပြတယ်။ ကျန်းရောင်ကဆိုသည်။

" နောက်ကျပေမဲ့ HBD ချင်းချင်း "

ဟုတ်တယ် သူကဟောက်ရန်ထပ် လနည်းနည်းလောက်ပဲ့ငယ်တယ်။ ချင်းချင်းကမထင်ထားဘူး။ သူ့မှာနောင်တရတဲ့စိတ်နည်းနည်းလေး ဖြစ်သွားပေမဲ့သူကျေနပ်နေတယ်။ လင်းယဲ့ကိုဆေးရုံမှာလှဲနေရအောင် လုပ်ထားနိုင်တယ်မလား။

" မလိုပါဘူး။ ဟောက်ရန်မွေးနေ့လည်းပြီးသွားပြီပဲ့...ဒါနဲ့ဟိုကောင်လေးသတိမရသေးဘူးလား "

ယွမ်ကျိုးက

" မင်း သူ့အတွက်စိတ်မကောင်းမဖြစ်ဘူးလား "

" ငါအမှန်တိုင်းပြောရရင် စိတ်မကောင်းမဖြစ်ပါဘူး။ ငါဒီမှာ၆နှစ်ပဲ့နေရမှာ...သူကရက်အတိအကျမရှိ သတိမေ့နေတာငါကျေနပ်တယ် "

ယွမ်ကျိုးကခေါင်းခါလိုက်ပြီး

" မင်းမှားနေပြီ ရှောင်ချင်း စိတ်ရင်းကောင်းတဲ့သူတွေကဘယ်တော့မှ ဆိုးတာမခံစားရဘူး။ တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်။ ရှောင်ချင်း သူသတိရနေပြီ သတိရတာကြာရောပေါ့...သူတို့သားလေးနဲ့တောင် ခရီးတွေထွက်ပြီးနေပြီ....ငါတို့ငယ်ငယ်က ခရီးတွေလျှောက်ပတ်သွားတဲ့ အချိန်တွေလိုမျိုးလေ....ကဲ့ ငါတို့မင်းကိုလာနှုတ်ဆက်တာ "

သူနဲ့ကျန်းရောင်က ခုံကနေထရပ်လိုက်ကြတယ်။ ကျန်းရောင်ကနောက်ဆုံးအနေနဲ့ ပြုံးပြပြီး

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now