တစ်မှောက်ပြီးတော့ နောက်တစ်မှောက်ပေါ်လာပြန်ပြီ...ဒရမ်မာရိုက်နေတာလား?

40.6K 3.4K 48
                                    

Chapter - 40
|| Zawgyi ||

ဆုံလည်စားပွဲဝိုင်းကြီးပေါ်မှာ စားစရာတွေနဲ့ပြည့်နေသည်။ လင်းယဲ့နူးညံနေတဲ့ steak ကိုကြည့်ပြီးသွားရည်တောင်ကျပေတော့မည်။ ဟောက်ရန် ကsteak ကိုလှီးပြီးလင်းယဲ့ ပန်းကန်ပြောင်းပေးသည်။ လင်းယဲ့အရမ်းပျော်သွားပြီး ပါးစပ်နဲ့အရွယ်တော် အသားတုံးကိုခရင်းနဲ့ထိုးပြီး စားလိုက်သည်။ မနေနိုင်စွာဟောက်ရန်ကို လက်မထောင်ပြလိုက်မိသည်။ ဟောက်ရန်ကရေခွက်ချ ပေးနေရင်းပြန်ပြုံးပြလာတယ်။

" အဟင် မင်းတို့အဆင်ပြေနေတာပဲ့ "

ယွမ်ကျိုးကသူတို့နှစ်ယောက်ကို ကြည့်ရင်းမနေနိုင်စွာ ထပြောသည်။ သူတို့ကိုကြည့်ရင်း ကျွမ်းချင်းချင်းကလည်း အရမ်းကိုစိတ်တိုနေပြီဖြစ်တယ်။

ပိုင်လင်းယဲ့ အခုထိငါ့လမ်းမှာ ဆူးညှောင့်ဖြစ်နေတုန်းပဲ့ ဟောက်ရန်နဲ့အခုလိုစိမ်းကားသွားရတာလည်း နင့်ကြောင့်ပဲ။ နင့်ကြောင့်သာမဟုတ်ရင် ငါအရာအားလုံးဆုံးရှုံးသွားပြီး အောက်ခြေကပြန်စရမှာမဟုတ်ဘူး။

လင်းယဲ့ကအစားအသောက်ဆို ဘေးလူတွေတောင်ဂရုမစိုက်တော့ပဲ စားတာသာအာရုံစိုက်နေတတ်သည်။ အခုလည်းဒီလိုပဲ့ စားလို့ကုန်ပေမဲ့ ဟောက်ရန်ကိုကြည့်လိုက်သေးသည်။ ဟောက်ရန်ကသဘောပေါက်စွာနဲ့ ဟင်းတွေထပ်ထည့်ပေးလိုက်သည်။

ကျွမ်းချင်းချင်းက ထပ်မကြည့်နိုင်တော့ဟန်နဲ့ နှုတ်ခမ်းကိုတစ်ရှူးနဲ့ခပ်ဖွဖွသုတ်ပြီး ထရပ်လိုက်တယ်။

" ငါအခုပြန်သွားရတော့မယ် နောက်တစ်ခါမှငါတို့အတူပြန်တွေ့တာပေါ့ "

ကျန်းရောင်က

" အေးကွာ ငါတို့မတွေ့တာအ​တော်ကြာပြီ နောက်နေ့ငါတို့တဝိုင်းလောက်သွားသောက်တာပေါ့ "

ယွမ်ကျိုးကလည်းလက်ပြနှုတ်ဆက်သည်။ ချင်းချင်းကဟောက်ရန်များ သူ့ကိုစကားပြောမလားကြည့်ပေမဲ့ ဂရုတောင်မစိုက်ဘူးဆိုတာ တွေ့လိုက်ရတယ်။

" ဟောက်ရန် နင်တော်တော်အသည်းမာတာပဲ့ ငါတို့အရင်လိုပြန်သင့်မြတ်လို့မဖြစ်ဘူးလား "

" ငါအရင်ကတော့ ခွင့်လွှတ်ဖို့ဆုံးဖြတ်ပါသေးတယ်။ ရှောင်ချင်းချင်း မင်းဒီရောက်တာနဲ့ဘာလုပ်ခဲ့လည်း သိမှာပေါ့ "

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now