ကိုယ်ဝန်အားဆေးတွေကို နေရာတိုင်းသယ်နေတာလား...ငါလေးဘဝင်မြင့်မိတော့မယ်^!^

42.7K 3.5K 36
                                    

Chapter - 39
|| Zawgyi ||

" ဟောက်ရန် ငါတို့မတွေ့တာကြာပြီပဲ့ "

ကျွမ်းချင်းချင်းက ပြင်းရိပြင်းတွဲပြောလိုက်သည်။ လင်းယဲ့ သူမနဲ့အတိတ်ဆိုးတွေရှိခဲ့တာမို့ မြင်လိုက်တာနဲ့စိတ်မကြည်ဘူး။ ဒါကြောင့်ဟောက်ရန်ကိုလှည့်ကြည့်တော့ ကျွမ်းချင်းချင်း ကိုမျက်လုံးမှေးစင်းကြည့်နေတာကို မြင်လိုက်သည်။

ဟောက်ရန်နဲ့လည်း ပြဿနာဖြစ်ဖူးတာပဲ့ အဲ့ဒီကျွမ်းချင်းချင်းဆိုတဲ့ကောင်မလေးက အတော်အရေထူတာဘဲ့။ သူမမျက်လုံးတွေက စိတ်မသက်မသာဖြစ်စေတယ်။

" ဟောက်ရန် ခင်ဗျားစကားပြောအုံးမယ်ဆိုလည်း ကျွန်တော်တစ်ယောက်ထဲသွားလိုက်တော့မယ် "

ဟောက်ရန်က ကျွမ်းချင်းချင်း ကိုအတည်ပြုသလိုမျိုး ခေါင်းတစ်ချက်သာညိမ့်ပြလိုက်သည်။ ထို့နောက်ချင်းချင်းကို ကြည့်ပြီး

" ဟုတ်တယ်...မတွေ့တာတောင်ကြာပြီ မင်းဟိုမှာအတော်ဆင်ပြေနေတာပဲ့ကွာ သူငယ်ချင်းဟောင်းတစ်ယောက်အနေနဲ့ ဝမ်းသာပါတယ်။ ဒါမဲ့ကျွမ်းမိန်းကလေးရေ မင်းမြင်တဲ့အတိုင်း ငါတို့နေ့လည်စာသွားစားမလို့လေ အချိန်အခါမသင့်ရောက်လာတာ ယဉ်ကျေးမှုမရှိတာပဲ့မဟုတ်လား "

ကျွမ်းချင်းချင်း ဟောက်ရန်စကားကိုအတည်မယူတဲ့ပုံနဲ့ ပြုံးလိုက်တယ်။ သူမမျက်လုံးတွေအနည်းငယ် တုန်လှုပ်နေပေမဲ့ အရှုံးပေးမဲ့ပုံတော့မပေါ်ဘူး။

" ခ်ခ် ငါကနေ့လည်စာစားဖို့လာဖိတ်တာ ယွမ်ကျိုးနဲ့ကျန်းရောင်ကိုတောင် ဖိတ်ထားပြီးပြီ နင့်ကိုတော့ငါကိုယ်တိုင်လာဖိတ်တာ လက်ခံသင့်တယ်နော်..."

မျက်လုံးချင်းစစ်ဖြစ်နေတဲ့ကြားမှာ လင်းယဲ့လေးတစ်ယောက်အကူအညီ မဲ့နေလေရဲ့။ ဟောက်ရန် ထိုအကြံကိုမဆိုးဘူးဟုတွေးလိုက်ပြီး လင်းယဲ့လက်ကိုဆွဲလိုက်တယ်။

" မဆိုးပါဘူး...လင်းယဲ့လေးကိုလည်း သူငယ်ချင်းနှစ်ယောက်နဲ့ မိတ်ဆက်ပေးလို့ရတာပေါ့ "

ဟောက်ရန် ပြောပြီးလင်းယဲ့နဲ့အတူ အရှေ့ကလျှောက်သွားသည်။ ကျွမ်းချင်းချင်းက ဟောက်ရန် ပြောတဲ့သူငယ်ချင်းနှစ်ယောက်က ယွမ်ကျိုးနဲ့ကျန်းရောင်ပဲ့ သူမပါဘူးဆိုနားလည်တာမို့ အတော်ကိုအောက်သက်သက်ဖြစ်ရသည်။ သူမကအောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီးဒေါက်မြင့်ဖိနပ်ကို အသံပိုမြည်အောင်နင်းပြီး အနောက်ကလိုက်သွားသည်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now