🚨 စတွေ့ခြင်းလေးနဲ့......

31.5K 2.1K 14
                                    

Chapter - 74
|| Zawgyi ||

( လွန်ခဲ့သော သုံးနှစ်ကျော်ခန့် )

" သား...အလုပ်ကပြန်လာပြီပဲ့ လာအုံးခဏထိုင် အမေနဲ့စကားပြောရအောင် "

ကျွင်းမေမေက ဟောက်ရန်ကိုဆွဲခေါ်လိုက်သည်။ ဟောက်ရန် နက်တိုင်တစ်ဝက်ကိုလျောချပြီး အမေခေါ်တဲ့အတိုင်းထိုင်လိုက်တယ်။ အမေဘာပြောတော့မယ်ဆိုတာ သူသိတယ်။ သူ့ကိုထပ်ပြီးအိမ်ထောင်ဖက်တွေ့ခိုင်းတော့မှာပဲ့။

" အမေ ကျွန်တော်အဲ့ဒီမိန်းကလေးတွေ သဘောမကျဘူးနော် "

ကျွင်းမေမေကသားဖြစ်သူကို မျက်စောင်းထိုးလိုက်တယ်။ သူကဖုန်းကိုဖွင့်ပြီး တစ်စုံတစ်ခုကိုရှာနေရင်းပြောသည်။

" အမေ ပြောတာကိုဆုံးအောင် နားထောင်ပါအုံးလား...... ဒီမှာ အမေ့ငယ်သူငယ်ချင်းသားလေး "

ဖုန်းထဲကပုံကိုပြတယ်။ အရမ်းကိုချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပဲ့။ သူကပုံမှန်အတိုင်း သဘာဝကျစွာပြုံးရယ်နေတယ်။ အပြစ်ကင်းစင်လွန်းတဲ့ မွေးကင်းစကလေးလေးလိုပဲ့။

ဟောက်ရန် စိတ်ဝင်စားသွားရတယ်။

" နာမည်ဘယ်လိုခေါ်လဲ အမေ "

" ပိုင်လင်းယဲ့ တဲ့လေ။ သူကသနားစရာကောင်းတဲ့ ကလေးလေးပါကွယ်။ အရမ်းလည်းသိတတ်တယ်။ အမေတော့အဲ့ဒီကလေးလေးကိုပဲ့ သဘောတူတယ်။ သားဖေကြီးလည်း ယဲ့ယဲ့လေးနဲ့သဘောတူတယ်တဲ့ "

" အင်း...ကျွန်တော်သွားတွေ့ကြည့်မယ်လေ "

ကျွင်းမေမေက ကျေကျေနပ်နပ်ကြီးကို လက်ခံလိုက်တယ်။ သူကအိမ်အပေါ်တက်သွားတဲ့ သားဖြစ်သူကိုအော်ပြောလိုက်သေးသည်။

" အမေ ယဲ့ယဲ့ ပုံလေးတွေပို့ပေးလိုက်မယ်နော် "

အမေ ပို့ပေးလိုက်တဲ့ပုံလေးတွေက သိပ့်မများပါဘူး။ လေးပုံလောက်ပဲ့။ သုံးပုံက မတူကွဲပြားစွာ ပြုံးရယ်နေတဲ့ပုံလေး​တွေနဲ့ တစ်ပုံကကျောပေးထားပြီး အကျီ င်္ပွပွလေးနဲ့ဒူးလောက်ဘောင်းဘီလေးနဲ့ အရမ်းကိုချစ်စရာကောင်းနေတယ်။

" မဆိုးဘူးပဲ့...ခက်တာက ငါသတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့မပြည့်စုံဘူး။ ဟူး... ဒါပေမဲ့လည်း ကိုယ်မင်းလေးကိုလက်မလွတ်ဘူး "

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Donde viven las historias. Descúbrelo ahora