မသွားစေချင်ဘူး...ဒါမဲ့သွားမှဖြစ်မှာ 😢

34.4K 2.7K 17
                                    

Chapter - 57
|| Zawgyi ||

" ဟောက်ရန် ဘာဖြစ်နေတာလဲ "

နီရဲနေတဲ့မျက်လုံးတွေကို ကြည့်ရင်းမေးလိုက်တယ်။ ဟောက်ရန်မျက်ရည်ကျတာ မြင်ရခဲတယ်။ ဒီတစ်ခေါက်ရောဘာဖြစ်ပြန်တာလဲ။

လင်းယဲ့မေးပေမဲ့ အဖြေပြန်မလာဘူး။ ဒါကြောင့်တိတ်တဆိပ်နဲ့ ဟောက်ရန်နဘေးရပ်လိုက်တယ်။ ဟောက်ရန်ကထင်းရှူးပင်နဘေးကနေ ဖြတ်လျှောက်လာပြီးလင်းယဲ့နဲ့ အနီးဆုံးကိုလျှောက်လာခဲ့သည်။ ထို့နောက်သူအပြစ်တွေအများကြီး ပြုမိခဲ့တဲ့ကောင်လေးကိုဖက်ထားလိုက်တယ်။တင်းတင်းကျပ်ကျပ်ဖြစ် လွတ်ထွက်သွားတော့မဲ့အလား။

ရုတ်တရက်သူ့ရဲ့ကျောပြင်က အနွေးဓာတ်လေးရလိုက်တယ်။ လင်းယဲ့ သူဖက်ပေးထားတာဘဲ့။

အမြဲရှိနေခဲ့တယ်။ ငါ့ရဲ့နဘေးမှာ ငါ့မိဘတွေထပ်တောင်ငါ့ကိုဂရုစိုက်ပေးခဲ့တဲ့သူ။ အမှားတွေ၊သီးမခံနိုင်အောင်အောင် များပြားလှပေမဲ့ အဲ့ဒီကောင်လေးကသာ ခွင့်လွှတ်ပေးခဲ့တာ။ ငါသူ့အတွက်လုပ်ပေးခဲ့တာ ရေရေရာရာမရှိဘူး။ ဒါတောင်နဘေးမှာရှိနေပေးတုန်းပဲ့....

အတွေးတွေများနေတုန်း လင်းယဲ့လေးက စကားစလာသည်။ သူကပေါ့ပေါ့ပါးပါးအသံလေးနဲ့ ဟောက်ရန်ကိုစိတ်ပြေချင်တဲ့ပုံပင်။

" သက်သာသွားပြီလား... ဒီနားကလေအရမ်းတိုက်တယ်။ နေပူတော့လေက ပူပူကြီးနဲ့။ နေမကောင်းဖြစ်အုံးမယ်။ အိမ်ထဲဝင်ရအောင်လေ "

" ဘာလို့လဲ မမေးတော့ဘူးလား "

လင်းယဲ့ မျက်လုံးတွေကိုတောင်ကြည့် မြောက်ကြည့်ကြည့်ပြီး ဟောက်ရန်ကိုဖက်ထားတာ လွှတ်လိုက်သည်။

" အကို မပြောချင်ရင်ပြောလေ၊ မပြောချင်ရင်တော့ ကျွန်တော်လည်းမမေးပါဘူး "

နှုတ်ခမ်းကိုစေ့ထားမိလိုက်တယ်။ သက်ပြင်းဖွဖွကိုမသိမသာချလိုက်တယ်။ ဟုတ်တယ် သူမပြောချင်ဘူး။ အရင်ကအကြောင်းတွေထပ်ပြီး ပြောမိရင်သူ့အပြစ်တွေကို သူ့ရဲ့လျစ်လျူရှုမှုတွေကို ကိုယ်တိုင်ဖော်ထုတ်သလိုဖြစ်သွားမှာ ဒါ့ထပ်လင်းယဲ့ပြန်တွေးပြီး စိတ်ခုသွားမှာကြောက်မိတယ်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now