လိုက်ချုပ်ချယ်နေတာတော်သင့်ပြီ...ငါကလူသေအလောင်းမဟုတ်ဘူး လဒရဲ့

48.3K 3.9K 42
                                    

Chapter - 18
|| Zawgyi ||

ဆိုင်ကိုပြန်ရောက်တော့ အားလုံးကသေချာနေရာချပြီး စားသောက်ဖို့ပြင်ဆင်ကြတယ်။ လင်းယဲ့လည်းသူထူးဆန်းနေတဲ့ စိတ်ကြီးကိုဖျောက်နိုင်သွားတယ်။ အသားတွေကိုကင်ပြီး ဂတ်စ်မီးဖိုကြီးနဲ့ ဟော့ပေါ့အိုးကြီးလုပ်ကြတယ်။ သူတို့ကဘီယာဘူးတွေ စားပွဲပေါ်တင်လိုက်ပေမဲ့ သူတို့ထပ်ဘူးရှည်ပြီး အရောင်မတူ၊ တံဆိပ်မတူတဲ့ဘူးကိုမြင်သွားတော့ ဆိုင်ရှင်ဦးလေးကြီးက

"အိုး...ရှောင်ယဲ့ ဘီယာမေသာက်ဘူးလား မူးမှာစိတ်မပူပါနဲ့ ဦးလေးကားခေါ်ပေးမယ် "

"ဟီးဟီ မဟုတ်ပါဘူး ကျွန်တော့အစာအိမ်က အခုတစ်လောသိပ်မကောင်းလို့ပါဗျ "

ဟူး...ဆင်ခြေ၊ဆင်လက်နဲ့လုပ်လိုက်တယ်။ သူတို့ကတော့ဘာမှမပြောကြဘူး။ စားသောက်တာက အလုပ်ဆင်းတဲ့အချိန်ကိုရောက်လာတယ်။ ညဘက်အင်တာနက်ဆိုင်မှာ အလုပ်ရသွားတာမို့ သွားရအုံးမည်လေ။

"ကျွန်တော် နောက်ထပ်အချိန်ပိုင်းအလုပ် ရှိသေးတယ်ဗျ ဒါကြောင့်ပြန်မှဖြစ်တော့မယ် "

ဖေးအာက ဘီယာအစွမ်းကြောင့်ရီဝေနေပြီး

" အလုပ်သွားအုံးမလို့လား နင့်ယောက်ျားရှိရက်သားနဲ့ သူနင့်ကိုအနိုင်ကျင့်ရင် သူ့ဖွားဖက်ကိုဆောင့်ကန်လိုက် "

"ဖေးအာ အမူးမလေး ငါသွားပြီ ဦးလေးကျွန်တော်သွားတော့မယ် "

"အေးအေး"

လင်းယဲ့ဆိုင်အပြင်ကနေလမ်းလျှောက်ထွက်ခဲ့တယ်။ သူ့ရဲ့အချိန်ပိုင်းအလုပ်က၅နာရီပြီးတာဖြစ်တယ်။ ညအင်တာနက်ဆိုင်က ၇နာရီမှဖြစ်တာကြောင့် အချိန်အတော်လေးလောက်သည်။ သူငှါးထားတဲ့အခန်းကို လျှောက်လာရင်း နေ့လည်က လူတစ်ယောက်ကြည့်နေတဲ့ ခံစားချက်ကြီးရလာပြန်တယ်။

** ဖာ့ခ် ငါ့ကိုသရဲလိုက်ခြောက်နေတာလား ငါဘယ်သူ့ကိုမှ ရန်မစဖူးပါဘူး ဒီခံစားချက်ကြီးက ထူးဆန်းတယ်**

တစ်ဖက်မှာတော့ အလုပ်စားပွဲပေါ်က ဓာတ်ပုံတစ်ချို့ကိုစူးစိုက်ကြည့်နေတဲ့ ဟောက်ရန်။ သူ့အရှေ့ကလူကို

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now