အစားတစ်လုပ်ကို ဖြောင့်အောင်တောင်မစားရဘူး...လဒရယ်ဘယ်ချိန်ကငတ်နေလဲ

51.9K 4.4K 41
                                    

Chapter - 9
|| Zawgyi ||

ကျောက်စိမ်းဇာမဏီငှက်နှစ်ကောင် ပုံဆောင်ခဲလေးက တစ်စီကွဲကြေနေတယ်။ သူမှတ်မိတယ်။ ဒီဇာမဏီလေးကိုကွဲအောင် လုပ်ခဲ့တာက ယုဟိုင် ဆိုတာ...အဲ့အချိန်ကသူဘာပြန်ပြောခဲ့လဲ...အိုး..သေချာတာကတော့ တန်ဖိုးမရှိတဲ့အမှိုက်သာသာပါ ယုဟိုင်မင်းလေးလက်ရှသွားသေးလား။ ဆိုတာပေါ့ ။ ဒီလက်ဆောင်လေးက သူ့အိတ်ထဲကိုလင်းယဲ့ ထည့်ခဲ့ပုံရတယ်။ ဒါကြောင့်ယုဟိုင်ရှိတဲ့ နိုင်ငံခြားကိုပါလာတာပင်... ဒီလက်ဆောင်မှာလည်း ပို့စ်ကတ်လေးပါတယ်။

( Happy Birthday ဟောက်ရန်။ ကျွန်တော်တို့သိတာ နှစ်နှစ်ရှိပြီနော်။ အခုဒီကျောက်စိမ်းလေးက ကျွန်တော့်ရဲ့မိသားစုစဉ်ဆက် လက်ဆင့်ကမ်းခဲ့တာ အခုဟောက်ရန်ကို ပေးမယ်။ နောက်နှစ်ဆို အတူတူရှိနိုင်....

အတူတူရှိနိုင် ဆိုတဲ့စာသားကိုပြန်ပြီးခြစ်ပြစ်ထားတယ်။ ဒါမဲ့ထင်ရှားနေသေးတယ်။ ဟောက်ရန်စာကို ဆက်ဖတ်လိုက်တယ်။

ကျွန်တော်ထွက်သွားရတော့မှာမို့ ဒါလေးကိုလက်ဆောင်ပေးခဲ့တာ။ နှစ်နှစ်အတွင်းဟောက်ရန်နဲ့ အတူရှိနေရတာ ကျွန်တော့်အတွက်အကောင်းဆုံးပါ ဟောက်ရန်နဲ့အတူယှဉ်ပြီးမသွားနိုင်ပေမဲ့ ဟောက်ရန်အနောက်ကနေ အမြဲကြည့်နေမှာပါ...ချစ်တဲ့

ပိုင်လင်းယဲ့ )

" sh*t... "

ဒါတွေကကွဲကျေသွားပြီ မိသားစုအမွေတဲ့လား...

................................

[ Time ] .... 1:39 AM....

ဂြီး~~

** ဗိုက်ဆာလိုက်တာ... ငါဘာမှမဝယ်ထားဘူး ဒီနေ့ငတ်ပြီထင်တယ် ... အား....ငါအခု ဟောက်ရန်အိမ်မှာဘဲ့....**

လင်းယဲ့ မျက်လုံးကိုဖွင့်လိုက်တယ်။ အခန်းထဲမှာဘယ်သူမှမရှိ ပြီးမှဟောက်ရန်ကိုပြောထားမိတာတွေ ခေါင်းထဲပြန်ပေါ်လာတယ်။

" အား...ရှက်စရာဘဲ့ ယောက်ျားတစ်ယောက်က ငိုယိုပြီးပြောတာ အောင်မလေးရင်နာလိုက်တာ "

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now