Arc 2. (16)

1.8K 174 8
                                    

(Unicode)

နေ့တစ်နေ့ရဲ့မနက်ခင်းမှာ အေးအေးလူလူအိပ်ပြီးနိုးလာရမယ်လို့ထင်မထားတဲ့ Edward ဒါပေါ့Antonyက ညတည်းကJနိုင်ငံကိုပြန်သွားပြီလေ ' မနက်လို့ပြောပြီးညတည်းကထွက်သွားတာ မုန်းစရာကောင်းလိုက်တာ'
သူ့ကိုသတ်ပစ်ချင်လောက်အောင်မုန်းနေတဲ့ ဇာတ်လိုက်မ Dianaကလည်းပေါ်မလာ
အရင်က ပြောခဲ့တဲ့အတိုင်းပဲ ဒီကမ္ဘာက ပျင်းဖို့ကောင်းတယ်

Edward အိပ်ရာပေါ်မှာ ဟိုလိမ့်ဒီလိမ့်လုပ်နေတုန်းသူ့အိပ်ရာဘေးနား လူတစ်ယောက်ပေါ်လာတယ်

"ဘယ်သူလဲ"

ထိုသူကိုကြည့်ပြီး မှတ်ဉာဏ်ထဲမှာရှာကြည့်တော့အခြားသူမဟုတ်ဘူး အမြဲတမ်း လှစ်ကနဲလာ လှစ်ကနဲပျောက်သွားတတ်တဲ့ ဦးလေးJoshဖြစ်တယ် တစ်ဆက်တည်းမှာပဲ တစ်ချက်စကားမှားတာနဲ့ခေါင်းခေါက်ခံရတယ်ဆိုတဲ့မှတ်ဉာဏ်လေးပါတွဲပါလာတယ် တကယ်လည်းခေါင်းခေါက်ခံလိုက်ရတယ်

"ကိုယ့်ဦးလေးတောင် ကိုယ်မမှတ်မိရအောင် ဆိုးရွားနေတယ်ပေါ့"

Edwardဘာပြောရမှန်းမသိတော့ ​ပြန်လည်းမပြောတတ်

"ဟို ကျွန်တော်က ဟို ဦးရီးတော်က ပိုချောလာတော့ မမှတ်မိဘဲဖြစ်သွားတာ"

Joshကလည်း ညက Williamနဲ့တစ်အိပ်ရာတည်း အိပ်ရသဖြင့် စိတ်ကြည်နေကာ Edwardကို ဆက်မဆူတော့ပေ

"ဦးရီးတော်ကခရီးထွက်နေတာမဟုတ်ဘူးလား ပြီးတော့ ကျွန်တော်ရုပ်ပြောင်းနေတာတောင်မှတ်မိတယ်"

Joshသိတာပေါ့ နန်းတော်ထဲမှာပဲသူရှိနေတာ သူ့တူတော်အကြောင်းတွေအကုန်သူသိတယ်

"သိတယ် ငါကမင်းအသုံးမကျတာတွေကအစအကုန်သိတယ် ဒါပေမယ့် အခုကြည့်တော့ မင်းပုံစံက အသုံးမကျတဲ့ပုံမပေါ်ဘူး"

Edward သူ့ဦးရီးတော် Joshကိုအကဲခတ်လိုက်တယ် Joshက ထက်မြက်တဲ့ရုပ်နဲ့ ခပ်ချောချောရုပ်ရည်ရှိသူတစ်ယောက်ဖြစ်တယ် အသက်ကြီးပြီး လက်ပေါက်ကပ်တဲ့လူဖြစ်နေပေမယ့် မိန်းကလေးတွေပါးစပ်ဖျားတော့ တော်တော် ရေပန်းစားတယ်
မူလဇာတ်ကြောင်းအရဆို Joshက စစ်သူကြီး Williamဓားချက်နဲ့ အသက်ပျောက်ခဲ့တာဖြစ်တယ် အသက်ဆုံးရှုံးတာက မှော်ပညာမတော်တာမဟုတ်ဘဲ စစ်သူကြီးWilliamကိုစိတ်ချမ်းသာစေချင်တာကြောင့် ဓားရှေ့သူ့ဘာသာသူတိုးဝင်တာ​ဖြစ်၏
'အရူးတွေ အပေါတွေနဲ့သိကျွမ်းနေရတဲ့ ငါ့ဘဝလေး'
Edwardသူတောင်ရောပြီးရူးလာသလိုခံစားရတယ်

UntitledWhere stories live. Discover now