Arc 2 (3)

2.5K 253 3
                                    

(Unicode)

ညပိုင်းနှင်းဖွဲဖွဲကျနေတာကိုကြည့်ပြီး Edwardစိတ်ပျော်နေမိသည် 'ဒီကမ္ဘာကမိုက်တော့မိုက်သား နန်းတော်ထဲက မှော်ဆရာတွေကိုပြောပြီး နန်းတော်ဝန်းရဲ့ ရာသီဥတုကိုလိုသလိုပြောင်းခိုင်းလို့ရတယ် အရင် Edwardက နေ့ပိုင်းကိုအေးအေးလေးနဲ့နေရောင်ရတဲ့ပုံစံထားပြီး ညပိုင်းကို နှင်းဖွဲဖွဲလေးထားထားတယ်
အရင် Edwardက ပုံစံကသာ ကြောက်စရာကောင်းတာ စိတ်ကတော့နုနယ်သား'

Edwardတွေးရင်း ​မျက်နှာချင်းဆိုင်ကCharlesအခန်းကိုကြည့်လိုက်တော့ မီးလင်းနေတာကိုတွေ့ရသည်
'အော် Charlesလေးလည်း မအိပ်သေးဘူးပဲ'

Edwardအပြင်မှာ အေးလာတာနဲ့ အခန်းထဲပြန်ဝင်လိုက်ပြီး စောင်ထဲကွေးနေလိုက်သည်
သူအိပ်လို့မရတာနဲ့ ထပြီးလမ်းလျှောက်လိုက် မှော်ဖယောင်းတိုင်ကိုငြိမ်းလိုက်လုပ်နေသည်
နောက်ကျနေတော့ သူရအောင်အိပ်မယ်ဆိုပြီးအိပ်ရာဝင်မလို့လုပ်ရင်း ခြေတွေ လက်တွေကိုက်ခဲလာပြီး ရင်ဘတ်ကလည်းအောင့်လာ၏
'အဟွတ်~~ ငါနေမကောင်းတော်တော်ဖြစ်နေတာလား'

Edwardစိတ်ထင်လို့လားမသိပေမယ့် သူ့လက်ကြမ်းကြီးတွေက လက်နုနုလေးတွေပြောင်းသွားထင်တယ်
သူ့ရဲ့ နှုတ်ခမ်းမွေးနဲ့မှုတ်ဆိတ်မွေးတွေလည်း
ပျောက်ကုန်တယ်
'ငါဘာတွေဖြစ်ကုန်တာလဲ'

Edward ဟိုနေ့ကချထားတဲ့မှန်ကိုနောက်တစ်ကြိမ်ထပ်ပြီး ကြည့်ရပြန်သည် မှန်ထဲကပေါ်နေတဲ့ပုံရိပ်လေးက ဟိုနေ့က ကြည့်ခဲ့တဲ့ရုပ်နဲ့တစ်ခြားစီ
အဖြူရောင် ဆံပင်နဲ့ မိန်းမဆန်နေတာမျိုးမဟုတ်ဲပဲကြွေရုပ်လေးလိုလှပနေတဲ့အသားအရည်လေး
အနီရောင်နှုတ်ခမ်းမွေးနဲ့မှုတ်ဆိတ်မွေးတွေလည်းမရှိဘဲ ချောမွတ်နေတဲ့မျက်နှာလေး မျက်လုံးကတော့ အနီရောင်မပြောင်းလဲပေ

"အားးးး ချောလိုက်တာ"
Edwardထအော်မိတော့သည် ရုပ်ကလည်း ကျေနပ်နေတဲ့ရုပ်ကြီးနဲ့

'Key ရေ Key အစုတ်ပလုတ်ရေ'

'ဗျာ ဗျာ ဗျာ ဘာလဲ Host'

'ဒီကိစ္စရှင်းစမ်း ဘာဖြစ်တာလဲ'

Keyက အပြစ်လုပ်ထားတဲ့မျက်နှာလေးနဲ့ရှင်းပြသည်
'Edwardက ငယ်ငယ်ထဲကအမှောင်မှော်အဆိပ်မိနေတာ သူ့ခမည်းတော်ရဲ့မိဖုရားတစ်ယောက်က အောက်လမ်းမှော်ဆရာဆီက အဆိပ်ကို Edwardကိုကိုယ်ဝန်ဆောင်နေတဲ့အချိန် Edwardရဲ့မယ်တော်ကိုတိုက်လိုက်တာ
အဲ့လိုဖြစ်တာကို Edwardမယ်တော်တစ်ယောက်သာသိပါတယ် ဖြေဆေးလည်းမသိရပါဘူး အဆိပ်ကဘာထူးခြားလဲဆိုတော့ နေ့ပိုင်းတွေမှာ ​နဂိုရုပ်​ပျောက်ပြီး အခြားရုပ်ပြောင်းသွားတာပဲ ညလယ်လောက် မူလရုပ်ပြောင်းရင်တော့ တစ်ကိုယ်လုံးနာကျင်မှုကိုခံစားရပါတယ်
Host အဲဒီနာကျင်တာကိုခံနိုင်ရည်ရှိအောင်ကျွန်တော်လုပ်ပေးထားပါတယ်'

UntitledWhere stories live. Discover now