Arc 2 (10)

2.4K 254 4
                                    

(Unicode)

Charles သူ့ရင်ခွင်ထဲမျက်နှာအပ်ထားတဲ့ Edwardကြောင့် အသည်းယားလာပြီး လည်ပင်းကိုကိုက်လိုက်၏

"အွန် ဘာလုပ်တာလဲ"
Edwardအတွက်လည်ပင်းဆိုတာ sensitiveဖြစ်တဲ့နေရာဖြစ်တယ် တစ်ယောက်ယောက်ကသူ့လည်ပင်းကိုထိလိုက်ရင် ကြက်သီးထတာတော်တော်နဲ့မပျောက်ပေ

"စားမလို့"

Charlesအဲ့လိုပြောမှEdward ခေါင်းကိုမော့ကာ Charlesရဲ့ပါးကိုနမ်းလိုက်ပြီး ပြောလိုက်တယ်
"စားလို့မရပါဘူး"

Charlesက Edwardဘယ်လိုပုံစံဖြစ်ဖြစ်ချစ်နေရပေမယ့် အခုပုံစံလေးကိုတော့ သူပိုပြီးအသည်းယားနေတော့သည်

"စားလို့မရဘူးလည်းပြောတယ် ကိုယ့်ကိုဆွဲဆောင်ပြန်ပြီ"

"ဘယ်မှာဆွဲဆောင်လို့လဲ"

"ကိုယ့်ပါးကိုနမ်းလိုက်တယ်လေ"

Edward Charlesရဲ့ပါးကိုလက်ဝါးနဲ့သုတ်လိုက်ပြီးပြောလိုက်၏ "မတော်တဆဖြစ်တာ"

"ကိုယ်ကလည်းနောက်တာပါ ဟောဒီကနှုတ်ခမ်းလေးကိုပဲစားမှာ"
Edwardသူ့နှုတ်ခမ်းကိုသူကာပြီးCharlesရဲ့ နှာခေါင်းကိုဖျစ်ဆွဲကာပြောလိုက်တယ်"နှာဘူး"

"ကိုယ်ကနှာဘူးဆို Edwardကနှာဘူးကိုဆွဲဆောင်တဲ့သူ"

"နေပါဦး နေပါဦး ဘာလို့ ကိုယ် ကိုယ် ဆိုပြီးပြောနေတာလဲ အရင်က ကျွန်တော်လို့ပဲပြောတာမဟုတ်လား"

Charlesရယ်လိုက်ပြီးEdwardကိုသူ့ပုံရိပ်ကိုသူပြန်မြင်အောင်ပြလိုက်ကာပြောလိုက်တယ်
"ဒီရုပ်လေးကို ကိုယ်က လေးလေးစားစားမခေါ်နိုင်ပါဘူး"

"မင်း!!ကိုယ်တော် မင်းကိုအပြစ်ပေးမှာမကြောက်ဘူးလား"

'{အစားခံရမှာကြောက်နေတဲ့ သူကများ အပြစ်ပေးမယ်ဆိုပြီးလေကြီးနေတယ် ဟိုကတကယ်စားနေမှ ဒုက္ခရောက်နေဦးမယ် ဟမ့် ဟမ့်}'
Keyကသူ့ကိုစိတ်ထဲကနေပြောနေတာ​ကို Edwardကြားတော့ Keyကိုရိုက်ချင်လာသည်

"ကိုယ်က Edwardအပြစ်ပေးလည်းခံရမှာပဲ မတတ်နိုင်ဘူးလေ"

'သနားစရာရုပ်လေးလုပ်ပြန်ပြီ ငါကသူ့ပြန်ချော့ရမှာလား'Edward Charlesရဲ့နှာခေါင်းကိုသာထပ်ဖျစ်ဆွဲပြီး ပြောလိုက်သည်

UntitledWhere stories live. Discover now