Arc 3 (Violinista) ..1

2.4K 189 4
                                    

(Unicode)

"နောက်ကမ္ဘာကိုကူးပြောင်းပြီးပါပြီး Hostဆီကို မှတ်ဉာဏ်တွေပို့ပါတော့မယ် "

ကမ္ဘာကူးပြောင်းလို့ မနားရသေးဘူး Keyစုတ်ကလေးက အလောတကြီးဖြစ်နေတယ်
"နေစမ်းပါဦး ဘာလို့ လောနေတာလဲ"

"Host မေ့သွားပြီလားကျွန်တော် Main systemကဆင့်ခေါ်လို့ နောက်ကမ္ဘာမှာ Hostနဲ့အတူရှိမနေနိုင်ပါဘူးဆိုနေ"

"အဲဒါဆိုမင်းမရှိတော့ တကယ်လို့ငါသေပြီး missionကျရှုံးရင်ရော pointတွေနုတ်မှာလား"

Keyကနည်းနည်းလေးစဥ်းစားပြီးမှ ပြန်ဖြေ၏
"မနုတ်ပါဘူး ဒီကမ္ဘာအတွက် Hostကို ပြစ်ဒဏ်မပေးပါဘူး"

"ဟုတ်ပြီ မြန်မြန်မှတ်ဉာဏ်တွေ​ပို့ပေးတော့ "

တစ်သီတစ်တန်းဝင်လာတဲ့မှတ်ဉာဏ်တွေကြောင့်ကိုက်လာတဲ့ခေါင်းကို ဖိနှိပ်ထားရင်း Keyရဲ့အသံကိုကြားရတယ်

" မှတ်ဉာဏ်ကူးပြောင်းပြီးပါပြီ Host
ကံကောင်းပါစေ ကျွန်တော်သွားပြီနော် ကျွန်တော့်ကိုသတိရပြီး ငိုမနေနဲ့ဦး"

"ဟုတ်ပါပြီ သွားတော့ သွားတော့"

Keyထွက်သွားတော့ မှတ်ဉာဏ်တွေကိုစစ်ကြည့်လိုက်သည်
သူအခုရောက်နေတဲ့ကမ္ဘာက သူ့မူလကမ္ဘာရဲ့ parallel universe မှာရှိတဲ့ Terraလို့ခေါ်တဲ့ဂြိုဟ်ဖြစ်တယ် ဒီဂြိုဟ်က နိုင်ငံနာမည်တွေ A to Z နဲ့ AA ......ZZ စသည်ဖြင့်ရှိသည် သူရဲ့ ခန္ဓာကိုယ်ပိုင်ရှင်ကတော့ Z countryက Zea မြို့တော်မှာနေတာဖြစ်တယ် ခန္ဓာကိုယ်ပိုင်ရှင်ရဲ့နာမည်က Deanဖြစ်ပြီးတော့ Zionအထက်တန်းကျောင်းရဲ့ဂီတဆရာတစ်ယောက်ဖြစ်တယ်
Deanက တူရိယာပေါင်းစုံကို ပိုင်နိုင်စွာတီးတတ်သူဖြစ်သည် Deanကအနေအေးသောလူတစ်ယောက်ဖြစ်ပြီး လူချမ်းသာမျိုးဆက် Rich kidတစ်ယောက်ဖြစ်တယ် Deanသေဆုံးရခြင်းအကြောင်းအရင်းကတော့ သူလာဘ်စားတယ်လို့စွပ်စွဲခံရပြီး အရှက်ရကာ ကိုယ့်ကိုယ်ကိုသတ်သေတာဖြစ်၏ဒီကမ္ဘာရဲ့ဇာတ်လိုက် Eastonကတော့ သူဂီတသင်ပေးရတဲ့အတန်းထဲက ကျောင်းသားတစ်ယောက်ဖြစ်တယ်
ဂီတပြိုင်ပွဲတစ်ခုမှာ Easton ရှုံးခဲ့တယ် ဒါပေမယ့် Eastonက သူ့ကိုယ်သူအထင်ကြီးကာ သူ့ဆရာ Deanလာဘ်စားပါတယ်ဆိုပြီးစွပ်စွဲခဲ့တာဖြစ်တယ် ကျောင်းအဖွဲ့အစည်းက ဂီတခန်းကိုစစ်ဆေးကြည့်တော့ Deanရဲ့စားပွဲအံဆွဲထဲမှာ ဘယ်ကမှန်းမသိတဲ့ ငွေပမာဏအများအပြားထည့်ထားသောစာအိတ်တစ်အိတ်ကိုတွေ့ရသည် Eastonကတော့ သူ့ကိုယ်သူမှန်နေတယ်ထင်၏ အကြောင်းက Deanက သူ့ကိုလိုက်ကြိုက်နေတဲ့ ကောင်မလေး Olivia(ဇာတ်လိုက်မ)ကိုကြိုက်နေပြီး သူ့ကိုအမြဲ အပြစ်မရှိအပြစ်ရှာနေသောကြောင့်ဖြစ်သည် တကယ်တမ်းကျတော့ Eastonအဖေကသူ့သားကိုအရမ်းအလိုလိုက်တာကြောင့် သူ့သားစိတ်ချမ်းသာစေဖို့ ဂီတဆရာDeanလာဘ်စားတယ်ဆိုပြီးဖန်တီးလိုက်တာဖြစ်တယ် Deanကတော့ အဲ့ဒီလိုမျိုးသေဆုံးသွားပေမယ့် ဇာတ်လိုက် Eastonကတော့ ဘွဲ့ရပြီးချိန် Oliviaနဲ့လက်ထပ်ကာ ကလေးတွေရပြီး ပျော်ပျော်ရွှင်ရွှင်နေသွားသည် အဲဒီအဖြစ်အပျက်ကို အဖြစ်မှန်ကိုမသိခဲ့ပေ မေ့တောင်မေ့သွားတာဖြစ်တယ်

UntitledWhere stories live. Discover now