Arc 5 ....1

590 58 5
                                    

(Unicode)

ဒင်!

{"ဇာတ်​ကြောင်း​ရော မှတ်ဥာဏ်​ရောကူး​ပြောင်းပြီးပါပြီ "}

Bryceမျက်လုံးဖွင့်လိုက်တော့ ​စံအိမ်အကြီးကြီးတစ်ခုရဲ့ပန်းခြံထဲမှာထိုင်​နေတာဖြစ်သည်
မူလခန္ဓာကိုယ်ပိုင်ရှင်ကဝတ္ထုကမ္ဘာထဲ​ရောက်​နေတာဖြစ်သည် မူလခန္ဓာကိုယ်ပိုင်ရှင်က အသက် 31နှစ်ရှိပြီဖြစ်တဲ့ Jason Wickဖြစ်ပြီး စိတ်​ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်သည်

Jason Wickကနာမည်အသင့်အတင့်ရနေပြီဖြစ်တဲ့ စာရေးဆရာတစ်ယောက်လည်းဖြစ်သည် Jasonသူကိုယ်တိုင်ရေးနေတဲ့ Ice Fogဆိုတဲ့ဝတ္ထုထဲကို ပထမပိုင်းရေးရင်းနဲ့ ရောက်သွားခဲ့ဖြစ်သည် ဝတ္ထုကမ္ဘာရဲ့ဇာတ်လိုက် Zack Lewisက အေးစက်ပြီး စိတ်အတက်အကျခန့်မှန်းရခက်တဲ့လူစားမျိုးဖြစ်တယ် တစ်နည်းပြောရရင် ဇာတ်လိုက်Zack Lewisကစိတ်ကျန်းမာရေးမကောင်းတဲ့သူတစ်ယောက်ဖြစ်သည်
ဇာတ်လိုက်Zack ကဆူညံသံ​တွေကိုမုန်းသူဖြစ်ပြီး သူ့ရဲ့စည်းကမ်း​တွေကို​ဖောက်ဖျက်မိရင် ​ဒေါသထွက်ကာ အခြားသူ​တွေကိုတိုက်ခိုက်တဲ့အထိဆိုးရွားသည်

စိတ်ကျန်းမာရေးမကောင်းတဲ့ဇာတ်လိုက်Zackက ဘယ်သူ့စကားမှနားမထောင်ပေမယ့် သူနာပြုဆရာမ​လေးဖြစ်တဲ့ဇာတ်လိုက်မ Annaနဲ့​တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဇာတ်လိုက်မရဲ့စကားကိုတော့နားထောင်လေသည် Jasonက အဲဒီဝတ္ထုထဲရောက်သွားပြီး ဇာတ်လိုက်ရဲ့စိတ်ကျန်းမာရေးဆရာဝန်ဖြစ်သွားခဲ့သည် အဲဒါတွေကအရေးမပါသေးဘူး ဘာက​နေပြဿနာဖြစ်လဲဆိုတော့ Jasonကဇာတ်လိုက်မကိုကြိုက်မိသွားခဲ့သည် အဲဒီအ​ကြောင်းကို ပိုင်ဆိုင်လိုစိတ်ကြီးတဲ့ဇာတ်လိုက်ကသိသွားတဲ့အခါမှာ စိတ်​ဖောက်ကာ Jasonကိုသတ်ပစ်ခဲ့ပြီး အပိုင်းပိုင်းခုတ်ထစ်ခဲ့သည် ဇာတ်လိုက်မကိုကြိုက်မိတာတစ်ခုတည်းနဲ့ သတ်ခဲ့တာဖြစ်၏

Jason Wickက ဝတ္ထုထဲကဆရာဝန်ဇာတ်ကောင်ကို သူ့ရဲ့တကယ့်ပုံစံအတိုင်း ပုံဖော်ခဲ့တာဖြစ်သည် သူကလူတွေရဲ့စိတ်ကိုလေ့လာသုံးသပ်ရတာကြိုက်တဲ့သူဖြစ်လို့ ဝတ္ထုကသူ့ဇာတ်ရုပ်ကိုလည်း စိတ်ကျန်းမာရေးအထူးကုဆရာဝန်အဖြစ်ပဲ ရေးသားခဲ့သည် တစ်နည်းဆိုရရင် သူရောက်သွားခဲ့တဲ့ဝတ္ထုထဲကသူရဲ့နာမည်ကလည်း Jason Wickဖြစ်သည် ဒါ​ပေမယ့် Jasonကပထမပိုင်းပဲ​ရေးရ​သေးတာဖြစ်လို့ သူ့ဝတ္ထုကမ္ဘာရဲ့အသိစိတ်က​တော့ စာ​ရေးသူဖြစ်တဲ့ သူ့ကိုဇာတ်လိုက်အဖြစ် မသတ်မှတ်​ပေ

UntitledWhere stories live. Discover now