Arc 2 (12)

2.3K 255 10
                                    

(Unicode)

Edwardခေါင်းကိုက်ပြီးမူးဝေနေတာကြောင့် မျက်လုံးမှိတ်ပြီး နေနေမိတယ် သူ့ကိုပိတ်ထားတဲ့ မှော်အကာစည်းကြောင့်လည်းအားအင်ဆုတ်ယုတ်နေ၏
မူးမေ့တော့မဲ့အချိန်မှာ အချုပ်ခန်းတံခါးဖွင့်သံကြားတာကြောင့် Edwardမျက်လုံးကို အားစိုက်ကာဖွင့်ကြည့်လိုက်တော့ တွေ့လိုက်ရတာက သူချစ်ရတဲ့ Charles

"Charles မင်းဘာဖြစ်သွားသေးလဲ ဘယ်လိုလုပ်ပြီးဒီထဲကိုဝင်လာတာလဲ"

Edward Charlesကိုစိတ်ပူပြီးမေးနေပေမယ့် Charlesကတော့ တစ်ချက်ပြုံးလိုက်ပြီး ပြောလိုက်၏

"မင်းက ကိုယ့်ကိုတကယ်ချစ်နေတာပဲ စိတ်ပူတယ်ဆိုတော့"

"Charles မင်း"
သူ့ကို ဂရုမစိုက်သလိုပြောနေတဲ့ Charlesကြောင့် Edward ကြောင်အသွားတယ်

Charlesက Edwardကိုကာထားတဲ့ အကာစည်းကိုရပ်လိုက်ကာ Edwardမေးဖျားကိုကိုင်ပြီး ခေါင်းမော့စေလိုက်ကာ ​Edwardနားနားကိုတိုးတိုးကပ်ပြော၏

"ခက်တာက ကိုယ်ကမင်းကိုမချစ်ဘူး ရယ်ရတယ်မင်းချစ်နေတဲ့ Charlesက မင်းကိုမုန်းနေတယ်ဆိုတာကိုမသိဘူးမဟုတ်လား"

Charlesပြောတာကြောင့် Edwardအံ့သြနေရတယ်
ဘာကြောင့် Charlesကသူ့ကိုမုန်းမှာလဲ Charlesကအရင်ကမ္ဘာကသူချစ်ရတဲ့ Mr.Johnလေ

"ကိုယ်အဲလိုပြောလို့အံ့သြနေတာလား Edward"

Charlesက ပြောပြီးပြီးချင်း အဖြူရောင်မြူငွေ့တွေတစ်ကိုယ်လုံးရစ်ပတ်လာကာ နှုတ်ခမ်းထောင့်ကလည်းပြုံးနေ၏

"မင်း!!"

Edwardသူမြင်နေရတဲ့သူကို သူမယုံကြည်ပေ သူ့ရှေ့မှာရှိနေတာ Charlesပုံစံမဟုတ်တော့ဘဲနဲ့ အနက်ရောင်ခြုံထည်ကိုခြုံထားတဲ့ သူတစ်ယောက်
Charlesလို ဆံပင်အညိုရောင်မဟုတ်ဘဲ မည်းနက်ပြီးပခုံးထိရှည်လျားတဲ့ဆံပင်ရှည်တွေ Charlesထက်အသားဖြူစွတ်ပြီး Charlesရဲ့မျက်ဝန်းအစိမ်းရောင်ထက်ကိုကြည်လင်တဲ့ မျက်ဝန်းစိမ်းတွေ ပြီးတော့ Charlesထက်မြင့်မားတဲ့အရပ်အမောင်း
အားလုံးကိုခြုံပြောရရင် သူ့ရှေ့ကလူက
လုံးဝCharlesမဟုတ်ဘူး အဲဒီသူကို Edwardတကယ်သိတယ်

"King Antony ?"

"အိုး အခုတော့ မင်းသိသွားပြီပေါ့"

UntitledWhere stories live. Discover now