Arc 1.6

3.1K 305 3
                                    

(Unicode)

Leoအိပ်ရာနိုးတော့ ကြည့်လိုက်တော့ သူ့ခြေထောက်က Johnကိုခွထားပြီး လက်တွေကတော့ Johnကိုဖက်ထားသည်
'သွားပြီ Mr.Johnနိုးလာလို့ ဒေါသထွက်ပြီး ငါ့ကိုအပြစ်ပေးရင်ဘယ်လိုလုပ်ပါ့မလဲ'

Johnမနိုးအောင်လို့ Leoကအသာလေး သူ့ခြေထောက်တွေလက်တွေကိုဖယ်ပြီး အိပ်ယာပေါ်ကထလိုက်သည် Johnနိုးနေလားဆိုပြီးတောင် တစ်ချက်ကြည့်လိုက်သည် မနိုးတာသေချာမှ ရေချိုးခန်းထဲပြေးသွားပြီး မျက်နှာသစ်တော့သည်
အိပ်ချင်ယောင်ဆောင်နေတဲ့ Johnက ပြုံးကျန်ခဲ့တာကိုတော့ Leoမတွေ့လိုက်
'ကောင်လေးကငါ့ကိုတကယ်ကြောက်တာပဲ'
**
Leoရေချိုးမျက်နှာသစ်ပြီးရေချိုးခန်းထဲကထွက်လာတော့ Johnက အိပ်ရာပေါ်မှာထိုင်နေသည်

"Morning Boss ကျွန်တော် ဘာလုပ်ပေးရမလဲ"

" ငါမျက်နှာသစ်ဦးမယ် မနက်စာမှာထားလိုက်"

"ဟုတ်ကဲ့ Boss"

JohnသွားမှLeoကစိတ်သက်သာရာ ရနေတဲ့ပုံလေးနဲ့
'တော်သေးတယ် ငါဖက်အိပ်တာကိုBossမသိလို့
( ' ▽ ' ) '

'ဟုတ်လို့လား Host'

'Key မင်းလည်းနိုးနေပြီလား'

'ဒါပေါ့ ကျွန်တော့်အိပ်ချိန်က ပုံမှန်သတ်မှတ်မထားဘူး
ညကတောင်ကြည်နူးစရာမြင်ကွင်းလေးကိုတွေ့လိုက်ရတယ်<( ̄︶ ̄)> '

'ဘာဖြစ်လို့လဲ ညက'

Leoမေးတော့ Keyကတဟားဟားရယ်ပြီး​ဖြေ၏
'ဘာမှမဟုတ်ပါဘူး ကျွန်တော်ပျင်းလို့
movieကြည့်တာ အဲ့မှာ မင်းသားတစ်ယောက်ကအခြားမင်းသားကိုခိုးနမ်းနေတဲ့အခန်းလေး အရမ်းကြည်နူးဖို့ကောင်းတာ'

'လူကဖြင့်လက်တောက်လောက်နဲ့ အဲဒါတွေပဲကြည့်နေ'

Keyက သနားစရာလေသံလေးနဲ့​
'ကျွန်တော်ကနမ်းတာလေးပဲကြည့်ရတာကို Hostကဘာတွေပြောနေတာလဲ'

'ထားတော့ ငါမနက်စာမှာရဦးမယ် outတော့'

'ဟင့် နှင်လွှတ်နေတာပဲ out p out p'

Keyသွားမှ Leo phoneဆက်ပြီးမနက်စာအတွက် မှာတော့သည် မနက်စာရောက်လာသည်အထိ Johnကရေချိုးနေတုန်းရှိသေးသည်

UntitledWhere stories live. Discover now