Arc 3 (Violinista)..11

924 106 0
                                    

[Unicode]

David​ကျောင်းက​နေParkerအိမ်​တော်ကိုပြန်လာ​တော့ Deanကဧည့်ခန်းထဲကဆိုဖာ​​ပေါ်မှာ TVကြည့်ရင်းအိပ်​ပျော်​နေသည် သူ့ရဲ့လူကြီး​လေးအိပ်​နေတာအရမ်းချစ်ဖို့​ကောင်းတာပဲလို့ David​တွေးမိသည်
Deanရဲ့အနားကို​ခြေသံခပ်ဖွဖွ​လေးသွား​တော့ Deanက​သူ့ကိုယ်​လေးကိုပိုပြီး​ကွေးကာ အိပ်၏
ဒါ​​ပေမယ့်လည်း Davidသူ့​ရှေ့ကို ဒူးတစ်ဖက်​ထောက်ထိုင်ချပြီး သူ့ပါး​လေးကိုလက်နဲ့ထိလိုက်​တော့နိုးသွား၏

"David~"

Deanကအိပ်ချင်မူးတူးအသံ​လေးနဲ့ Davidကို​ခေါ်လိုက်သည်

"ထ​တော့ ညပိုင်းမအိပ်နိုင်ဖြစ်​နေဦးမယ်"

Davidက Deanကိုအတင်းဆွဲထူပြီး ဘေးမှာထိုင်လိုက်သည် Deanက​တော့ သူ့​ခေါင်းကို Davidရဲ့ပခုံး​ပေါ်ချက်ချင်းမှီချလိုက်သည်

"မင်း​တော်​တော်ဆိုးတာပဲ ငါအခုထိအိပ်​ရေးမဝ​သေးဘူး"

"ဆက်အိပ်လို့မရဘူး ​ရေချိုးပြီး ညစာစားရမယ်" Davidက​အမိန့်သံနည်းနည်းစွက်ပြီး​ပြောလိုက်သည် DeanကDavid​ပြောပြီးပြီးချင်း Davidရဲ့ ပါးနှစ်ဖက်ကို သူ့လက်နှစ်ဖက်လုံးနဲ့အုပ်ကိုင်လိုက်သည်

"က​လေး​လေး ငယ်ငယ်​လေးနဲ့ အမိန့်​ပေးတတ်​နေပြီ​ပေါ့​လေ"

DavidကDeanရဲ့ လက်​တွေကိုငြင်သာစွာဖယ်လိုက်ကာ Deanကိုသူ့ရင်ခွင်ထဲဖက်ထားလိုက်၏

"ကျွန်​တော်က​  အသက်ငယ်​ပေမယ့် ခင်ဗျားထက်ပိုပြီးရင့်ကျက်သလားလို့"

Deanကရင်ခွင်​နွေး​နွေးထဲမှာရှိ​နေ​တော့ ငိုက်မြည်းလာပြီး David​ပြော​နေတာကို ပြန်ပြီးမ​ချေပ​တော့​ချေ  Davidကသူ့နှာ​ခေါင်းလုံးလုံး​လေးကို ညစ်လိုက်​တော့မှ အိပ်ငိုက်​ပြေသွား၏

"မအိပ်နဲ့​ပြောတာကို ခိုးအိပ်​​နေတယ်"

"ငါ့အပြစ်မ​ပြောနဲ့ မင်းရင်ခွင်က​နွေး​နေတာကိုပဲအပြစ်တင်"
Deanကရန်​တွေ့လိုက်ပြီး အိမ်သာတက်ချင်လာတာ​ကြောင့်ဆိုဖာကအ​လောတကြီးထသွား​တော့သည် Davidက​တော့သူ့ရဲ့ခပ်ဆိုးဆိုးအမူအရာ​​လေးကြောင့် ရယ်ရင်းကျန်ခဲ့၏

UntitledWhere stories live. Discover now