Arc 2 (9)

2.4K 263 14
                                    

(Unicode)

မှော်စစ်သည်တွေက Edwardတို့ရှိတဲ့နေရာကို အာရုံခံမိကြပြီး ဖမ်းဖို့ပြေးလာကြတယ် Edwardနဲ့ Charlesလည်းသူတို့လက်ထဲက လွှတ်အောင် အစွမ်းကုန်ပြေးရင်း Dimတောအုပ်ထဲက Blue Topazရေကန်နားရောက်လာကြတယ် Blue Topazရေကန်က Blue Topaz stoneရဲ့အရောင်လိုပဲဖြစ်တာကြောင့် အဲ့လိုခေါ်ကြတာဖြစ်တယ် ရေကန်ကအရမ်းမကြီးပေမယ့် ရေအောက်ထဲမှာ မှော်ရေညှိပင်တွေနဲ့ မမြင်နိုင်တဲ့ရေအောက်မှော်သားရဲတွေရှိကြတယ် အဲဒါထက်ကြောက်ဖို့ကောင်းတာက ရေထဲကိုရောက်လာတာ လူသားဆိုရင် အမှောင်ထုနေရာရဲ့ဆွဲယူခြင်းခံရတယ်လို့​ပြောကြ၏

"​အဖမ်းခံမလား အသေခံမလား"
မှော်စစ်သည်ထဲက ခေါင်းဆောင်လို့ထင်ရတဲ့သူက ပြောလိုက်တာဖြစ်တယ်

"ငါကိုယ်တော်က ဘာကြောင့်အဖမ်းခံရမှာလဲ"
Edwardသတ္တိတွေစုစည်းပြီးပြောလိုက်တယ်
Charlesကတော့ တည်ငြိမ်စွာရပ်နေပြီး တစ်ဖက်ဘက်ကတိုက်လာမှာကို ပြန်ခုခံဖို့အသင့်ပြင်ထားသည်

"နောက်တာပါ အဖမ်းခံချင်ရင်တောင် မဖမ်းဘူးဘာလို့ဆို ခင်ဗျားတို့ကိုအရှင်ထားမှာမဟုတ်လို့"

"အော်"
'cheeအစောကြီးထဲကဘာလို့လာရွေးချယ်ခိုင်းတယ် တော်တော်နောက်တဲ့လူတွေ'
'{သနားစရာ ငါ့ရဲ့Hostလေး}'

'Keyငါဒီရေထဲခုန်ချရင် အသက်ရှင်နိုင်ချေဘယ်လောက်ရှိလဲ'

'{100%ပါHost ခုန်သာခုန်ချလိုက်}

Edwardလည်း တည်တည်ငြိမ်ငြိမ်ရပ်နေတဲ့ Charlesရဲ့လက်ကိုဆွဲကာ ရေကန်ထဲခုန်ချလိုက်တယ်
နောက်ကကျန်ခဲ့တဲ့ မှော်စစ်သည်တွေက ကြောင်အစွာကျန်ခဲ့သည်

"ခေါင်းဆောင် ကျွန်တော်တို့ကိုပါ ရေထဲဘာလို့လိုက်
မဆင်းခိုင်းတာလဲ"

ခေါင်းဆောင်ဖြစ်သူက သူ့လက်အောက်ငယ်သားပြောတာကိုကြားပြီး စိတ်ပျက်သွားသည်

"Crystalနိုင်ငံရဲ့ Blue Topazရေကန်အကြောင်းကိုတောင် မင်းတို့မကြားဖူးကြဘူးလား ဒီကန်ထဲဆင်းမိတဲ့လူတွေက အမှောင်ထုနေရာရဲ့ဆွဲယူခြင်းခံရပြီး ထွက်ပေါက်ရှာမတွေ့ဘဲ အဲ့နေရာမှာ သေတဲ့အထိနေသွားကြရမှာ ကြည့်ပါ့လား ခုနကခုန်ဆင်းသွားတဲ့နှစ်ယောက် အရိပ်အယောင်မတွေ့ရတော့ဘူး"

UntitledWhere stories live. Discover now