Arc 3 (Violinista)..14

850 96 2
                                    

(Unicode)

နားလည်ရခက်တဲ့သူ​တွေထဲမှာ Gray Walter (Austin) လည်းပါဝင်တယ် သူသ​ဘောကျတဲ့သူကိုအခြားသူ့(alter John)ရဲ့လက်ထဲမှာ​ပျော်ရွှင်​နေတာကိုကြည့်​နေရတာ သူ့အတွက်​တော့ ​အရမ်းကြီးသဝန်တိုတယ်လို့​တော့ မခံစားရ​ပေ Johnဆိုသည်မှာ Gray (Austin) ရဲ့ကိုယ်ကခွဲထွက်ထားတဲ့ သူ့ရဲ့အ​ကောင်းဘက်စိတ်ဝိညာဥ်တစ်ခုဖြစ်တယ်

ညစာစားဖို့အတွက် Dean(Bryce)ကို Grayနှစ်နာရီ​တောင်​စောင့်ခဲ့ရသည် အ​ကြောင်းရင်းက​တော့Deanက မနက်ဖြန်တ​ယောပြိုင်ပွဲအတွက်​​ ည​နေပိုင်း လေ့ကျင့်ရင်း နောက်ကျ​ခြင်းဖြစ်သည်ဟု ရှင်းပြ၏

Deanက​တော့ သူ့ရဲ့ပြင်သစ်စား​သောက်ဆိုင်မှာ သူပြန်ပြီး ညစာစားရမှာ​ကြောင့်မ​ပျော်မရွှင်ဖြစ်​နေသည်
"Mr.Walterကကျွန်​တော့်ရဲ့ စား​သောက်ဆိုင်မှာ ကျွန်​တော့်ကို ညစာဖိတ်​ကျွေးတာလား"

Gray Walterက ဝိုင်နီတစ်ငုံကို ​ပေါ့ပါးစွာပဲ​သောက်လိုက်တယ် သူ့အမူအရာက​တော့ ​တော်ဝင်စား​သောက်ပွဲ​ရောက်​နေသလို တင့်တယ်​ပေတယ်
"ဘာလို့လဲ မင်းမကြိုက်ဘူးလား"

"မဟုတ်ပါဘူး"

'မကြိုက်ဘူး ကျွန်​တော်က ဖြစ်နိုင်ရင် အသားလုံးလေး​နဲ့ ​ခေါက်ဆွဲပြုတ်စပ်စပ်​လေးပဲစားချင်တာ ခင်ဗျားသိလား ​​အသားလုံးနဲ့ ကြက်ဥ​ချောင်းလေး​တွေကိုဆော့စ်​လေးနဲ့တွဲစားရင်အရမ်း​​ကောင်းတာ ပြီး​တော့ ဂဏန်းကင်​ရောပဲ'

"မင်းဘာ​တွေ​တွေး​နေလို့ ဘာမှမစားတာလဲ"
ခက်ရင်းကိုကိုက်ရင်း အ​တွေးများ​နေတဲ့ DeanကိုGray Walterသတိ​ပေးလိုက်ရသည်

"ကျွန်​တော် ဗိုက်သိပ်မဆာလို့ပါ"

Gray Walterက အသားကင်ကို ဖဲ့​ပြီး Dean​ရဲ့ပန်းကန်ထဲထည့်​ပေးလိုက်သည်
"နည်းနည်း​တော့စားလိုက်ပါ"

"......"
Deanအသားကင်​အနည်းငယ်ကို ဝါးလိုက်ပြီးအရသာခံလိုက်တယ် နဂိုက မစားနိုင်ဘူးထင်​ပေမယ့်  အရသာ​ကောင်း​နေတာ​ကြောင့် Gray Walterထည့်​ပေးတဲ့ အသားကင်​တွေအကုန်လုံးသူစားလိုက်သည်

"Mr.Walter ခင်ဗျားကျွန်​တော့်ကို​ပြောစရာ တစ်ခုခုရှိလို့လား"

Grayရဲ့ အသားကင်ကိုလှီး​နေတဲ့လက်​တွေ Deanရဲ့ အ​မေး​ကြောင့်ရပ်တန့်သွားတယ်
"ပိတ်ရက်​တွေမှာ Eastonကို လာသင်​ပေးလို့ရနိုင်မလား"

UntitledWhere stories live. Discover now