Arc 1.8

2.8K 299 4
                                    

(Unicode)

Leoအိမ်ပြန်လာပြီဖြစ်၍ အိပ်ယာပေါ်မှာ လဲရင်း Johnအ​ကြောင်းကိုစဥ်းစားနေမိသည်
သူ့bossကstraightစစ်စစ်ကနေသူ့ကြောင့်ကွေးသွားတာထက် သူကပါ သူ့Bossကိုချစ်မိနေတာကိုတွေးပြီးစိတ်ပျက်နေမိသည် နောက်တစ်ခုက သူကဒီကမ္ဘာကမဟုတ်တာကြောင့် ချစ်မိရင်တောင်မချစ်သလိုဟန်ဆောင်နေမှဖြစ်မည်

"အစ်ကို နေမကောင်းဘူးလား ပြန်လာထဲက အခန်းထဲကထွက်မလာဘူး"

သူ့ကိုစိုးရိမ်တာကြောင့်သူ့ညီလေးMarkကအခန်းအပြင်ကနေတံခါးခေါက်ရင်းပြောနေ၏ မစိုးရိမ်ရအောင်လဲ ပြန်လာထဲက ဘာမှမပြောဘဲ သူကအခန်းတံခါးပိတ်နေခြင်းဖြစ်သည်

"ဘာမှမဖြစ်ပါဘူး အစ်ကိုနေကောင်းတယ် နည်းနည်းပင်ပန်းနေလို့"

"အဲဒါဆိုလည်း ပြီးရော စောစောအိပ်ဦး နေမကောင်းရင် လာပြော ကျွန်တော်တော့အိပ်ပြီ"

"ဟုတ်ပါပြီ"
အစ်ကိုကိုညီလိုသဘောထားပြီးများပြောနေတယ်ထင်ရတယ် သူ့ညီလေးကသူ့ကိုတကယ်ချစ်တာပဲ ဒီညီလေး ကိုယ့်ကိုယ်ကိုသတ်သေတဲ့ဆိုတဲ့မူလဇာတ်ကြောင်းကိုတွေးမိရင် သူရင်နာရသည် အခုLouisကသူ့သူငယ်ချင်းဖြစ်တာကြောင့် သူသတ်ဖို့ကြိုးစားတော့မှာမဟုတ်ပေ သူ့ကိုချစ်တယ်ဆိုတဲ့ Johnကရော Louisကိုသတ်ဖို့အမိန့်ပေးဦးမှာလားဆိုတာသူမသိပေ
Leoအတွေးထဲ​မျောနေတုန်းKeyရဲ့ အလောတကြီးခေါ်သံကိုကြားရသည်

'Hostရေ Host!!!!'

'Key ဘာဖြစ်လို့လဲ'

'ကျွန်တော် အရေးကြီးတဲ့သတင်းရလာတယ်
မူလဇာတ်ကြောင်းမှာLouisကိုသတ်ဖို့Leoကိုအမိန့်ပေးတာ Mr.Johnမဟုတ်ဘူး'

'ဘယ်လိုဖြစ်တာ တကယ်ခိုင်းတာဘယ်သူလဲ'
Keyပြောတာကြောင့် Leoအံ့သြနေမိသည်

'Mr.Johnရဲ့အမွှာညီဖြစ်တဲ့ Mr.JonasကLeoကိုခြိမ်းခြောက်ပြီးခိုင်းခဲ့တာ Leoကကျွမ်းကျင်တဲ့လူသတ်သမားဖြစ်တာကြောင့်နဲ့တူပါတယ် Hostကိုအရင်က Mr.Johnခိုင်းတယ်ဆိုပြီးပြောခဲ့တာက ကျွန်တော်တို့ systemကအဲ့တုန်းကနည်းနည်း errorတက်သွားလို့ပါ Host ပြီးတော့ အမွေတွေရချင်လို့ချည်းသက်သက် Mr.Jonasက Louisကိုသတ်ခိုင်းတာလည်း
မဟုတ်ပါဘူး Host
သူချစ်နေတဲ့မိန်းကလေးက Louisကိုကြိုက်ပေမယ့် Louisကပြန်မကြိုက်လို့ ကိုယ့်ကိုယ်ကို သတ်သေခဲ့လို့ပါတဲ့ Host'

UntitledWhere stories live. Discover now