Arc 1.7

3K 309 2
                                    

(Unicode)

"အလုပ်ကိစ္စလည်းဆွေးနွေးပြီးပြီဆိုတော့ မနက်ဖြန်ပြန်မှာမဟုတ်လား ဦးလေး"

"......"

အလုပ်ကိစ္စဆွေးနွေးပြီးအပြန်ကားပေါ်တွင်Louisက Johnကိုစကားပြောတာကို Johnကဘာမှပြန်မဖြေပေ
အကြောင်းက သူ့ရဲ့ငကြောက်လေးကLouisနဲ့အရမ်းရင်းနှီးနေတာကိုသူမကြိုက်သောကြောင့်ဖြစ်သည်

"ဦးလေး ပြန်ဖြေဦးလေဗျာ ကျွန်တော့်ကိုဆိုအမြဲကြည့်မရဖြစ်နေတာလား ဦးလေးငယ်သာဆို ဒီလိုလုပ်မှာမဟုတ်ဘူး"

Louisက မကျေမနပ်နဲ့ပွစိပွစိပြောနေပေမယ့် Johnကတော့ ဦးလေးငယ်ဆိုတာကြားလိုက်တာနဲ့မျက်နှာမှာ ဒေါသရိပ်သမ်းသွားသည် :Louisလည်းသူ့ဦးလေးစိတ်မကြည်တာကိုသိ၍ပါးစိတ်ပိတ်ပြီးငြိမ်နေတော့၏
Leoကတော့ driverဦးလေးကြီးကိုကားဘယ်လိုမောင်းရလဲဆိုတာဘေးကမေးနေသည် မသိရင်သူပဲကားမောင်းနေရသလိုအာရုံစူးစိုက်နေ၏
࿓࿐
Hotelရောက်တော့ကားပေါ်မှာ Leoကအိပ်ပျော်နေသည်

"ဒီကောင် အိပ်နေတာပဲ ကျွန်တော်နိုးလိုက်မယ် ဦးလေး"

"မနိုးနဲ့"

"ဟင် မနိုးတော့ ဘယ်လို..."
Louisစကားမဆုံးလိုက် Johnက Leoကိုမင်းသမီးလိုပွေ့ချီပြီး Hotelထဲဝင်သွား၏ အခြားသူတွေကြည့်နေတာကိုလည်း ဂရုမစိုက်ပေ
နောက်က Louisကတော့ကြောင်တောင်တောင်လေးနဲ့ကျန်ခဲ့ရင်း ပွေ့ချီခံရတဲ့Leoကဘာမှမသိဘဲ သူကတော့ ရှက်လို့ မျက်နှာနီနေသည်
'ငါ့ဦးလေးကကွေးနေတာလား နိုး နိုး နိုးမဖြစ်နိုင်တာ Louisမင်းဘာတွေတွေးနေတာလဲ
စိတ်ထိန်းစမ်း(>_<)'
࿓࿐
'Hostထတော့ ထတော့ မထရင် Hostကို Mr.Johnကဘာလုပ်မလဲမသိနိုင်ဘူးနော်(╥ω╥)'
Keyအသံကြောင့် Leoလန့်နိုးပြီးထထိုင်လိုက်သည်

'လန့်လိုက်တာ Keyပေါက်စရာ ဒါနဲ့ ငါကားပေါ်မှာအိပ်ပျော်သွားတာ Hotelကအိပ်ရာပေါ်ဘယ်လိုရောက်လာတာလဲ'

'သိချင်ရင် ဟိုမှာ Hostကို ကြည့်နေတဲ့ အနမ်းသူခိုး
အဲ မဟုတ်ပါဘူး Mr.Johnကိုမေးကြည့်လေ ကျွန်တော်ကတော့ သွားပြီ Bye <( ̄︶ ̄)>'

Keyပြောလို့Leoကြည့်လိုက်တော့Johnကသူ့ကိုစိုက်ကြည့်နေသည် Leo​ဆီဘယ်ကမှန်းမသိတဲ့ကြောက်စိတ်တွေချက်ချင်းလက်ငင်းတစ်ဟုန်ထိုးဝင်လာ၏
...
JohnကcarကနေLeoကိုချီလာကာ အိပ်ရာပေါ်ချပြီးတဲ့အချိန်ကစပြီး သူကဘေးကခုံမှာLeoနိုးလာတာကိုထိုင်စောင့်နေသည် ဒီကြားထဲ Leoရဲ့အိပ်နေတဲ့ပုံလေးက ချစ်ဖို့ကောင်းနေတာကြောင့် Johnမနေနိုင်တော့ဘဲ ပါးလေးကို ဖွဖွလေးခဏ ခဏနမ်းလိုက်ပြီးမှ ထိုင်ခုံပေါ်ပြန်ထိုင်လိုက်သည်
'ငကြောက်လေး အိပ်မက်တွေများမက်နေတာလား ခုထိမနိုးသေးဘူး မိုးတောင်ချုပ်ရောက်တော့မယ်လေကွာ'
Johnငေးကြည့်နေတုန်းLeoကဆတ်ကနဲလန့်နိုးလာပြီး မျက်လုံးကလည်း အခန်းတစ်ခုလုံးကိုပတ်ကြည့်နေသည်

UntitledWhere stories live. Discover now