Arc 4 ...1

849 80 0
                                    

[Unicode]

"နားပြီးပြီလား Host "

Bryceခုတင်ဖြူဖြူပေါ်ကဆင်းလိုက်ပြီး သူ့ရှေ့က ကလေးလေးကို သူကြည့်လိုက်တယ် ပြီးတော့  ပါးလေးကိုဖျစ်ညစ်ပစ်လိုက်တယ်

"Keyငါအားမရှိသလိုဖြစ်နေတယ် ငါ့ကိုအားဆေးလေးပေးပါဦး"

ပါးအဖျစ်ခံရလို့ နာနေတဲ့ Keyက ပါးလေးတစ်ကိုင်ကိုင်နဲ့ အခန်းထဲက ဘယ်ကမှန်းမသိပေါ်လာတဲ့ စားပွဲခုံက အံဆွဲထဲမှ စိတ်ကြည်ဆေးအချို့သူ့ကိုထုတ်ပေးတယ် သူဆေးကိုစားပြီးတော့ နည်းနည်းအိပ်ချင်လာတယ်

"ငါထပ်အိပ်လို့ရလား"

"ရပါတယ်Host တရေးအိပ်လိုက်ပါ"

...........
သူနိုးလာတော့ တွေ့လိုက်ရတာ သူ့ကိုကျောခိုင်းပြီးအိပ်နေတဲ့ အမျိုးသားတစ်ယောက်... သူsystem zoneကအခန်းထဲမှာ အိပ်နေတာမဟုတ်ဘူးလား

'....' '????'

'Key ငါ့ကိုနောက်missonလုပ်ဖို့ အိပ်နေတုန်းပို့လိုက်တာလား'

{'Hehe ကျွန်တော်က Hostကိုမြန်မြန် missionထမ်းဆောင်စေချင်လို့ ဒေါသမထွက်ပါနဲ့'}

သူငြိမ်ငြိမ်လေးပဲ နေနေပြီး စိတ်ထဲကနေ Keyကိုစကားပြောနေတယ်
'Okay ထားလိုက်ပါတော့'

{'ဇာတ်ကြောင်းနဲ့မှတ်ဥာဏ်တွေပို့ပေးတော့မယ်နော် Host'}

ခေါင်းဆစ်ခနဲကိုက်ခဲခြင်းနဲ့အတူ မူလဇာတ်ကြောင်းနဲ့ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေဝင်ရောက်လာတယ် သူရောက်နေတဲ့ကမ္ဘာက modern ခေတ်ပဲ ဒီကမ္ဘာရဲ့ဇာတ်လိုက်ကDennis Williams ..
Yနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးရှင်တစ်ယောက်ဖြစ်ပြီး Conan Williamsဆိုတဲ့ 4နှစ်အရွယ်ထက်မြက်တဲ့သားလေးတစ်ယောက်ရှိတယ်
..ဇာတ်လိုက် Dennisကသူ့ဇနီးဆုံးပါးပြီးတဲ့နောက်မှာ နောက်အိမ်ထောင်မပြုဘဲ သူ့သားကိုပဲစောင့်ရှောက်တယ် ဒါပေမယ့် ချစ်ရတဲ့အချစ်ဦး
ဇာတ်လိုက်မ Jullie Brettကိုထပ်တွေ့လိုက်ရတဲ့အချိန်မှာတော့ သူမနဲ့ပြန်လည်သင့်မြတ်ဖို့အတွက် ကြိုးပမ်းပြီး သူမကိုလက်ထပ်ဖို့ရည်ရွယ်တယ်  Jullie Brettက အစပိုင်းမှာ လက်မခံပေမယ့် နောက်ပိုင်းကျတော့ Dennisရဲ့အချစ်တွေကိုသိလာပြီး နှစ်ယောက်သားလက်ထပ်လိုက်ကာ သားလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေသွားကြတယ် နားလည်မှုတွေနဲ့တည်ဆောက်ထားတဲအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တယ်

UntitledWhere stories live. Discover now