Arc 3 (Violinista)...7

1.5K 188 7
                                    

(Unicode)

မနက်စောစောမှာ Davidနိုးလာခဲ့တယ် သူနိုးတော့ sofaပေါ်မှာပဲရှိနေ၏ ဒါဆိုရင် Deanက သူ့ကိုအိပ်ခန်းထဲပို့မပေးခဲ့တဲ့အပြင် စောင်ပါခြုံမပေးဘဲ လစ်လျူရှုထားတာလို့သူထင်တယ်
သူထိုင်နေရင်း မီးဖိုချောင်က Deanရဲ့ လှမ်းအော်ပြောလိုက်တဲ့အသံကိုကြားရတယ်
"ထမင်းစားပွဲပေါ်မှာ စွပ်ပြုတ်ရှိတယ်
သောက်လိုက်ဦး"

သူစွပ်ပြုတ်မကြိုက်ပေမယ့် မနေ့က အရက်သောက်တာများသွားလို့ ခေါင်းကိုက်နေတာကြောင့်
"သောက်လိုက်မယ် "လို့သာပြန်ပြောလိုက်တယ်

"ဘယ်လိုနေသေးလဲ ခေါင်းရှင်းရဲ့လား"
Dean ..Coffeeဖျော်နေရင်း Davidကိုမေးလိုက်တယ်

"မဆိုးပါဘူး"
David သူစွပ်ပြုတ်စသောက်တည်းကခေါင်းကိုက်တာနည်းနည်းသက်သာနေတာဖြစ်တယ်

"မနေ့က ဘာလို့မူးတဲ့အထိသောက်လာတာလဲ"

Deanမေးလိုက်တဲ့စကားကြောင့် Davidခဏ
လောက်ဆွံအသွားတယ် သူအမှန်အတိုင်းမပြောချင်တာကြောင့် လိမ်ညာလိုက်သည်
"သူငယ်ချင်းတွေက Clubကိုခေါ်သွားပြီး အမူးတိုက်လို့"

Deanက Coffeeဖျော်ပြီးသွားလို့ Davidရှေ့ကိုလာထိုင်ပြီး Coffeeသောက်၏

"David မင်းညကမေးတာတွေတစ်ခုမှမမှန်ဘူး"
Deanပြောပြီး တည်တည်ငြိမ်ငြိမ်နဲ့ပဲcoffeeသောက်နေလိုက်တယ်

Davidသူ့ရှေ့က coffeeသောက်နေတဲ့လူကိုစိတ်ရှုပ်ထွေးစွာနဲ့ကြည့်လိုက်တယ် မနေ့ကသူဘာတွေမေးမိလို့လဲ..???
"ကျွန်တော်မနေ့ကဘာမေးလို့လဲ"

"ဘာမှတော့ မဟုတ်ပါဘူး ကျောင်းသားတွေ​
အပြောများနေတဲ့ ငါ့အကြောင်းတွေပါပဲ"

Davidရဲ့စိတ်ထဲ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ် မနေ့က Deanရဲ့အကြောင်းတွေကို ကြားပြီးတည်းက တစ်ခုခုဆုံးရှုံးလိုက်ရသလိုမျိုးဖြစ်နေကြောင့် စိတ်ညစ်ပြီး မူးတဲ့အထိသောက်ခဲ့မိတာဖြစ်သည်
ဒါပေမယ့် သူDeanကို အဲဒီသတင်းတွေမှန်မမှန်မေးလိုက်တာကို တကယ်မမှတ်မိပေ
သတင်းတွေကအမှန်မဟုတ်ဘူးဆိုတော့လဲ သူစိတ်ထဲက စိတ်အရှုပ်အထွေးတွေ ပြေသွားသည်

UntitledWhere stories live. Discover now