(Unicode)
"ခင်ဗျားကနောက်ကျမှလာတာပဲ"
Dean သူ့ရဲ့အတန်းချိန်ကနေ့လယ်ပိုင်းတွေဆိုတော့နောက်ကျမှကျောင်းကိုသွားတယ် ဂီတခန်း ရှေ့ရောက်တော့ Eastonရဲ့ လှောင်သံနည်းနည်းစွက်ပြီးပြောလိုက်တဲ့စကားသံကိုကြားလိုက်ရတယ် Deanရဲ့စိတ်ထဲကတော့ Eastonကိုအရေးစိုက်မနေဘူး
'ဇာတ်လိုက်ဖြစ်နေလည်း ဘာအရေးလဲ သူ့လိုမ
လေးမခန့်လုပ်တဲ့ကျောင်းသားကို ဒီဆရာကဘာကြောက်နေရမှာလဲ'"ကျောင်းသားဒီအချိန်ကမင်းအခြားစာသင်ခန်းထဲမှာရှိနေရမယ့်အချိန်မဟုတ်လား"
Deanရဲ့စကားကို Eastonကဂရုမစိုက်ဘဲ သူပြောချင်တာသာဆက်ပြောတယ်
"ခင်ဗျားကမနေ့က ကျွန်တော်နဲ့Oliviaပြောတာတွေကိုချောင်းနားထောင်လို့ ကျွန်တော်ခင်ဗျားကိုအလုပ်ဖြုတ်လိုက်မှာမကြောက်ဘူးလား"
Deanကတော့ Eastonကို မဲ့ပြုံးသာပြုံးပြလိုက်တော့တယ်
"ဟန့် မင်းအဖေက ဒီကျောင်းရဲ့ အာဏာအရှိဆုံးရှယ်ယာရှင်ဖြစ်နေတာနဲ့မင်းက ဂုဏ်မြောက်နေတယ်ပေါ့ "
Deanကအခုအချိန်မှာသူရဲ့စိတ်က မူလDeanရဲ့စိတ်နဲ့တစ်ထပ်တည်းဖြစ်နေတာဖြစ်တယ် သူအဲဒီသားအဖကိုတကယ်မုန်းနေမိတယ်
"မင်းက ငါ့ကိုအလုပ်ဖြုတ်မယ်ပေါ့လေ?"
"ခင်ဗျားက ဘာမှမရှိတဲ့ ဂီတဆရာတစ်ယောက်ပဲ ခင်ဗျားကို အလုပ်ဖြုတ်ဖို့က မခက်ပါဘူး"
Eastonကိုသူဘာမှဆက်မပြောတော့ဘဲ ဂီတခန်းထဲကိုမြန်မြန်ဝင်ပြီးတံခါးကို'ဒုန်းကနဲ'ပိတ်လိုက်တယ်
ထပ်ပြီး ကြောင်တောင်တောင်နဲ့အထားခံလိုက်ရတဲ့ Eastonကတော့ အခန်းတံခါးရှေ့မှာ အော်ရယ်နေတယ်
"ခင်ဗျားကငကြောက်ပဲကျွန်တော့်ကိုကြောက်လို့ထွက်ပြေးတယ် ဟား ဟား"
အတန်းထဲက Deanကတော့ သူ့ရဲ့ နားနေခန်းထဲမှာ လမ်းကစတိုးဆိုင်ကဝယ်လာတဲ့မုန့်ထုပ်လေးတွေကိုဝါးနေပြီး ဒေါသထွက်နေတယ်
'ဟုတ်သားပဲ ငါဘာလို့ထွက်ပြေးလာတာလဲ'"Eastonကို အတန်းရှေ့ကထွက်သွားတာတွေ့လိုက်တယ် သူဘာလာလုပ်တာလဲ"