Arc 2 (8)

2.3K 247 3
                                    

(Unicode)

"King Edwardကိုတွေ့အောင်ရှာကြ မတွေ့မချင်းပြန်မလာကြနဲ့"

Dianaကနူးညံ့သိမ်မွေ့တယ်လို့ထင်ရပေမယ့် တကယ်ကတော့ Dianaကထက်မြက်ပြီး မှော်ပညာကိုလည်းအလယ်အလတ်တတ်မြောက်ထားသူဖြစ်တယ် King Antonyရဲ့သဘောအကျဆုံးမိန်းကလေးလည်းဖြစ်တာကြောင့် မိဖုရားခေါင်ရာထူးရထားခြင်းဖြစ်သည် ရုပ်ရည်ကတော့ အခြားသောလှပတဲ့မိန်းကလေးတွေနဲ့ မထူးခြားနားပဲဖြစ်တယ်

" Diana ညီမလေးဘာလို့ King Edwardကိုအသည်းအသန်ရှင်းပစ်ချင်နေရတာလဲ"

မှော်စစ်သူကြီး Williamဆိုတာ Dianaရဲ့အစ်ကိုအရင်းဖြစ်တယ်

"Antonyရဲ့ ယုံကြည်မှုကိုပိုရဖို့အတွက် King Edwardကိုရှင်းပစ်ချင်တာ အစ်ကိုသိတယ်မဟုတ်လား King Georgeက Antonyရဲ့ ခမည်းတော် King Philipကိုသတ်ခဲ့တယ်ဆိုတာ
ပြီးတော့AntonyသာCrystalနိုင်ငံရဲ့ Kingဖြစ်ပြီဆိုရင် အဆုံးမရှိတဲ့ အာဏာတွေကိုသူရလာမှာ အဲ့ကျမှ dark magicကိုသုံးပြီး သူ့ကိုလိုသလိုကြိုးဆွဲလိုက်ရုံပဲ"

Williamသူ့ညီမအကြောင်းသူသိတာပေါ့
Antonyနဲ့ငယ်ငယ်တည်းက ကြီးပျင်းလာလို့ Antonyကိုချစ်တာမှန်ပေမယ့် Dianaက အဆုံးမရှိတဲ့ ပါဝါအာဏာတွေအတွက်ဆိုရင် သူမချစ်တဲ့သူဆိုရင်တောင်ဂရုစိုက်မှာမဟုတ်ပေ Dianaရဲ့ရည်ရွယ်ချက်က Antonyကိုအသုံးချပြီး Crystalနိုင်ငံအပြင်အခြားသောနိုင်ငံတွေကိုလည်းသိမ်းပိုက်ဖို့ဖြစ်တယ်
Williamလည်း သူ့ညီမအကြောင်းကိုတွေးပြီး သက်ပျင်းချမိတယ်

"ဟင်းး ဒါနဲ့ King Antonyကဒီကိုဘာလို့လိုက်မလာတာလဲ ဘာလို့အစ်ကိုနဲ့ညီမလေးကိုပဲလွှတ်လိုက်တာလဲ"

"သူအခုတလော Dawnတောင်မှာ Magic Lordအဖြစ်အဆင့်တက်ဖို့လေ့ကျင့်မယ်ဆိုပြီး ထွက်သွားတာ အခုထိသူနဲ့မတွေ့ရသေးဘူး ဒီကအစီအစဥ်တွေအကုန်လုံးကိုတော့ သူအမိန့်ပေးသွားတာ"

Williamကပြုံးလိုက်ပြီးပြောလိုက်တယ်
"အစ်ကိုသိပါပြီ"

°°°°°°

Charles Edwardနဲ့အတူ မှော်စစ်သည်တွေကိုရှောင်ပြေးရင်း Dimတောအုပ်ထဲကိုရောက်သွားတော့တယ် Dimတောအုပ်ဆိုတာ ကြောက်စရာမှော်သားရဲတွေရှိပြီး သာမန်လူတွေမသွားရဲတဲ့တောအုပ်ဖြစ်တယ် Edwardကတော့ နေ့ခင်းနေသာတဲ့အချိန်တောင် အရောင်မှိန်ဖျဖျပဲရှိတဲ့ တောအုပ်ကြီးကြောင့် ကြက်သီးထပြီး ကြောက်နေသည် Charlesက Edwardကြောက်တာကိုသိတာကြောင့် Edwardရဲ့လက်ကိုတင်းတင်းဆုပ်ထားပေးတယ် သူတို့လျှောက်ရင်းလျှောက်ရင်း ညနေတောင်ရောက်လာတယ် အလင်းမှိန်မှိန်တောင် မမြင်ရတော့တာကြောင့် Charlesသူ့အလင်းကျောက်ကိုသုံးလိုက်ရတယ်

UntitledWhere stories live. Discover now