Arc 2 (11)

2.3K 251 10
                                    

(Unicode)

Edwardအလင်းရောင်စူးစူးကြောင့်နိုးလာတော့ Charlesကအိပ်နေတုန်းပင်ဖြစ်သည် Charlesပေါ်တင်ထားတဲ့သူခြေထောက်နှစ်ဖက်ကိုအသာပြန်ချလိုက်ပြီးထထိုင်လိုက်ကာ သူ့ကိုနိုးစေတဲ့အလင်းရောင်ကိုလေ့လာလိုက်တယ် အလင်းရောင်က ဂူမျက်နှာပြင်ဲနဲ့ ကြမ်းခင်းတွေကတောက်နေတာဖြစ်တယ်

"Charles"

"အွန်း နိုး​ပြီလား ဆက်အိပ်ဦးလေ"

Charlesကအိပ်ချင်မူးတူးနဲ့သူ့ကိုလည်း ထပ်အိပ်ဖို့ပြော၏ သူ့ထက်တောင် အိပ်ပုတ်ကြီးတာကြောင့် သူစိတ်မရှည်တော့ဘဲ Charlesရဲ့လက်မောင်းကိုပုတ်ကာနိုးရတော့သည်

"ထတော့ ဂူက ခါတိုင်းထက်ပိုပြီးတောက်နေလို့ ကြည့်ဦး"

Charlesလည်း ထထိုင်လိုက်ကာဂူကိုကြည့်လိုက်သည် အမှန်ပင် ခါတိုင်းထက်အရောင်တောက်နေ၏ အဲဒါထက်ပိုထူးခြားတာက

"Edwardမျက်လုံးတွေ"

"ဘာဖြစ်လို့လဲ မျက်လုံးက"

"အပြာရောင်တောက်နေတယ် ဂူကအရောင်ဟပ်တာမဟုတ်ဘဲနဲ့"

Edwardသူနိုးလာတော့အမြင်အာရုံတွေရှင်းလင်းနေတာသိပေမယ့် Charlesပြောသလိုသူ့မျက်လုံးအရောင်တောက်နေတာကိုတော့ တကယ်မသိပေ

"ဒီဂူကတကယ်ဘာဖြစ်တာလဲ ငါ့မျက်လုံးတွေကရော?"

"Edwardကိုယ်တို့ ဒီဂူကို လှည့်ပတ်ကြည့်ရအောင် တစ်ခုခုထူးဆန်းတာရှိမလားလို့"

"အွန်း"

Edward ဂူကိုလှည့်ပတ်ကြည့်ရင်း အပင်တွေကြားထဲမှာဝှက်နေတဲ့ လက်ဝါးအရွယ်သာရှိတဲ့ အကောင်လေးအိပ်နေတာကိုတွေ့လိုက်ရတယ် အဖြူရောင်ကြောင်လေးနဲ့တူပေမယ့် ကြောင်လေးတွေထက်ကိုချစ်ဖို့ကောင်းသည်

"Charlesဒီမှာ ဘာကောင်လေးလဲ"

"အဲ အဲဒါက ရှေးဟောင်းမှော်သားရဲလေး"

Edwardနဲ့ Charlesကို စကားပြောနေရင်း ထိုအကောင်လေး နိုးလာခဲ့တယ် မျက်လုံးကလည်း Edwardမျက်လုံးအတိုင်းပဲ အပြာရောင်တောက်နေတယ်

"​ငါ့ပိုင်နက်ထဲမှာ နေခိုင်းထားတာကိုမကျေနပ်လို့ ငါအိပ်နေတာကိုပါချောင်းကြည့်တာလား"

UntitledWhere stories live. Discover now