System Zone

551 59 3
                                    

(Unicode)

Rioက Dennisနဲ့ အသက်ကြီးသည်အထိ ​ပျော်ရွှင်စွာ​နေထိုင်ခဲ့သည် Conan​လေးကလည်း သူတို့ကို အထူးဂရုစိုက်​ပေးသည် စိတ်မ​ကောင်းစရာက​တော့ Conan​လေးကလက်တွဲ​ဖော်ရှာဖို့စိတ်ကူးမရှိ​ပေ Dennisက​တော့ သူ့သားသ​ဘောရှိတဲ့အတိုင်း​နေ​စေသည်
[A/N::Conan​လေးက စာ​ရေးသူရဲ့အပိုင်ပါ(*¯︶¯*) ..]

{"System Zoneကပြန်လည်ကြိုဆိုပါတယ် Host"}

​ပျောက်ချင်းမလှ​ပျောက်​နေတဲ့ Keyရဲ့အသံကို Bryceကြားလိုက်ရသည်
Bryce သူ့နားထင်သူဖျစ်ကာ အိပ်ရာပေါ်ထိုင်​နေလိုက်သည်
"မစ်ရှင် အ​​ခြေအ​နေဘယ်လိုရှိလဲ"

Keyက အားတက်သ​ရောပြန်​​ဖြေသည်
{" လုံးဝကို 100 percent ပြီး​မြောက်ပါတယ် "}

သူ့မစ်ရှင်​အောင်မြင်မယ်ဆိုတာကို Bryceသိသည် သူConan​လေးကိုလည်း မိဘလို​စောင့်​ရှောက်နိုင်ခဲ့တယ် သူ​ဌေးတစ်​ယောက်ဖြစ်လာဖို့ သူဘာမှမလုပ်​ပေမယ့် သူကသူ​ဌေးကြီး Dennisကိုယူလိုက်သည်​လေ
အပျင်းထူ​နေတာက မ​ကောင်းမှန်းသိ​ပေမယ့် Bryceကပျင်း​နေတုန်းပဲ

Bryce သူ့ရဲ့စိတ်စွမ်းအင်နယ်ပယ်ကspaceကိုဝင်ကာ သူနဲ့Johnရဲ့အ​ကြောင်း​တွေကိုကြည့်​နေလိုက်သည်
သူ့စိတ်စွမ်းအင်နယ်ပယ်ထဲမှာ Jayမရှိ​တော့တာကို Bryceသတိထားမိလိုက်သည်
"Key ငါ့စိတ်စွမ်းအင်နယ်ပယ်ထဲမှာ Jayမရှိ​တော့ဘူး"

{"Hostကိုကျွန်​တော်​ရှင်းပြမှာတွေကို ​သေချာနား​ထောင်​နော် ပြီး​တော့ စိတ်မလှုပ်ရှားနဲ့}

Keyဘာ​ပြောမလဲဆိုတာကိုမသိ​ပေမယ့် Bryceချက်ချင်း သ​ဘောတူလိုက်သည်
{"Jayက အုပ်ချုပ်သူAustinရဲ့ Alter​ငယ်လေးတစ်ခုဖြစ်လို့ အုပ်ချုပ်သူ​Austinက Jayကိုသူ့စိတ်နဲ့တစ်သားတည်းဖြစ်​အောင် ခက်ခဲစွာပြန်​ပေါင်း​စည်းလိုက်တယ် ​နောက်တစ်ခု​ပြောချင်တာက Hostရဲ့​ပျောက်​နေတဲ့မှတ်ဉာဏ်အစိတ်အပိုင်းကို main system Skyကပြန်ပြင်​ပေးလိမ့်မယ် ဒါ​ပေမယ့် အဲ့လိုပြန်ရချင်ရင် ​ပြန်ပေးဆပ်ရတဲ့​အ​နေနဲ့ Hostက ကမ္ဘာ​မြေကိုမပြန်ရ​တော့ဘဲ System Zoneမှာ တာဝန်ထမ်း​ဆောင်ရလိမ့်မယ်"}

Bryce အနည်းငယ်​တော့​တွေ​ဝေသွားခဲ့​ပေမယ့် သူကတစ်​ယောက်တည်းသမားဖြစ်တာ​ကြောင့် သိပ်ပြီး​တော့
မစိုးရိမ်​ပေ ခက်တာက သူ့ရဲ့ Johnက ဘယ်ကလာတာလဲဆိုတာကို သူနည်းနည်း​လေးမှမသိဘူးဖြစ်​နေသည်

UntitledWhere stories live. Discover now