Arc 2 (17)

2.1K 178 2
                                    

(Unicode)

"Edward နားနေနော် ကိုယ်ဒီမှာထိုင်စောင့်ပေးမယ်"

Edwardလည်း အိပ်ရာပေါ်တွင်အိပ်ပျော်သွားခဲ့တယ် ဘေးကAntonyကတော့ Edwardရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို လက်ညိုးလေးနဲ့ ဖွဖွလေးထိနေမိသည်
'ဒီလူသားကိုချစ်မိလို့ဘယ်တော့မှနောင်တရမှာမဟုတ်ဘူး'

နောက်ရက်ပိုင်းတွေမှာ တိုင်းပြည်နှစ်ခုပေါင်းစီးဖို့အတွက် Antonyအလုပ်ရှုပ်နေသည် ပြောရရင် သူနဲ့Edwardရဲ့မင်္ဂလာပွဲကတော့ အဓိကဖြစ်၏
Edwardကတော့ ဘာမှမလုပ်ဘဲ တိုင်းသူပြည်သားတွေရဲ့ အချစ်အပြင် သနားကြင်နာမှုပါရရှိသွားတယ် အကြောင်းက သူတို့ဘုရင်က တိုင်းပြည်ကိုခန္ဓာကိုယ်နဲ့ရင်းပြီး ကာကွယ်တယ်လို့သူတို့ထင်နေကြတာဖြစ်တယ် ယောက်ျားတန်မဲ့ တိုင်းပြည်အတွက် အခြားယောက်ျားတစ်ယောက်ကို လက်ထပ်လိုက်ရတာကို သူတို့သနားမိကြသည်
သူတို့ရဲ့ကယ်တင်ရှင်ကြီးကတော့ နေ့တိုင်းအိပ်လိုက်စားလိုက်နဲ့ဇိမ်ကျနေတယ်
Williamကတော့ Joshရဲ့ တီတီတာတာချစ်စကားတွေကိုနေ့တိုင်းကြားပြီး နားငြီးနေရတာဖြစ်၏
Willaimကို Joshပြောတဲ့စကားတစ်ခွန်းကတော့ Williamရင်ထဲထိရောက်တယ်
"သစ်ကြားသီးလေး မင်းရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေတိုင်း ကိုယ့်ကိုမျှဝေပေးပါ ကိုယ်မင်းနဲ့အတူအမြဲတမ်းရှိနေပေးပါမယ်"

William Antonyအပေါ်ကို တစ်ဖက်သတ်စွဲလမ်းစိတ်နဲ့ နာကျင်ခဲ့ရပေမယ့်လည်း Joshကတော့ သူ့ကို ထိုအတိတ်တွေကိုမေ့သွားအောင်အထိ ဂရုစိုက်ပေးသည် ဒါကြောင့်လည်း William Joshအတွက် အချစ်သစ် အချစ်စစ် တစ်ခုပေါ်ပေါက်လာပြီး Joshထက်မလျော့သောချစ်ခြင်းနဲ့ချစ်မိသည်
တစ်ဖက်သတ်ချစ်ခဲ့ဖူးသောလူတွေကလည်း သူတို့နဲ့လိုက်ဖက်တဲ့သူပေါ်ပေါက်လာဖို့ထိုက်တန်ပါတယ်

မင်္ဂလာပွဲနေ့မှာ Edwardပျော်ပေမယ့် သူ့ရဲ့အဖြူရောင် ဝတ်စုံနောက်က ဇာပိတ်စအရှည်ကြီးကြောင့်စိတ်ညစ်နေရသည် Antonyလည်း အဖြူရောင် ဝတ်စုံပဲ ဒါပေမယ့် ဇာပိတ်စအရှည်ကြီးမပါပေ
'ငါကအောက်ပုဂ္ဂိုလ်ဖြစ်မှာသေချာပင်မယ့် ဒီဇာကြီးက ဘာလို့ထည့်ထားကြတာလဲ ငါမကြိက်ဘူး'

UntitledWhere stories live. Discover now