💫 Unicode version 💫
ရှင်းသန့် နိုးတယ်ဆို.... ခေါင်းတစ်ခုလုံး တဆစ်ဆစ်ကိုက်နေသဖြင့် လန်းသွားအောင် ရေချိုးခန်းထဲသို့သာ ဝင်လာခဲ့သည်။
ရေးချိုးပြီးမှ လူလဲလန်းဆန်းသွားတော့သည်။ အဝတ်လှဲရန် wardrobe ဘက်ကိုသွားဖို့ပြင်တုန်း အခန်းတံခါးပွင့်လာကာ....
" ခန့်လေး.... မနက်စာစားရအောင်လာခေါ်တာ "
ဆိုပြီး လူတစ်ယောက်ဝင်လာသည်။ ရှင်းသန့်လဲ မိမိအခန်းမှာ ဖွင့်ရန်ခက်သဖြင့် ခုလိုရုတ်တရတ်လူဝင်လာတဲ့အတွက် ကြောင်အသွားကာ
" ဘယ်သူလဲ... အခန်းမှားနေတယ် "
ပြောပြီး အဝတ်ထုတ်ရန်ပြင်နေတုန်း ထိုလူမှ...
" sry ကျွန်တော် ရှေ့ခန်းနဲ့မှားသွားလို့ "
ပြောပြီးပြန်ထွက်သွားခဲ့သည်။
ရှင်းသန့်လဲ ' နေပါအုံး ညကငါlock ချဖို့မေ့သွားတာလား ' ပြန်စဥ်းစားနေတုန်း ခုနကလူမှာပြန်ဝင်လာပြီး
" ဟို...ကျွန်တော် အခန်းမမှားဘူး ဒီအခန်းပဲဗျ... "
ထိုလူ့အပြောကြောင့် ရှင်းသန့် စဥ်းစားမိတော့ ညက ပုံရိပ်အချို့ ခေါင်းထဲသို့ တရိပ်ရိပ်ပြန်ဝင်ခဲ့သည်။
' သွားပြီ...သွားပြီ ရှင်းသန့် မင်းအခန်းမှားဝင်လာပြီ ဒါတင်မကသေး ညက ဒီအခန်းကလူကိုလဲ ဟာ..'
စိတ်ထဲတစ်ယောက်ထဲပြောနေပေမယ့်... ခပ်တည်တည်နဲ့
" ဒါကျွန်တော့ အခန်းပဲ....ညထဲကကျွန်တော့ အိပ်နေတာ "
ပြောပြီးဖုန်းထုတ်ကာ.. ထူးမြတ်ကို ဖုန်းလှမ်းဆက်ရန်ပြင်တုန်း... ထိုလူမှ
" ဒါဆို.... မင်းရောက်ထဲက ဒီအခန်းက အလွတ်ကြီးပေါ့နော်.. ဒုက္ခ ပဲခန့်လေးဘယ်ထွက်သွားလဲမသိဘူး ညကသေချာ အခန်းငှားပေးခဲ့တာကို ခက်လိုက်တာ "
ပြောလဲပြော တစ်ကိုယ်ထဲလဲရေရွတ်ကာ
" တောင်းပန်ပါတယ်... အခန်းမှားဝင်မိလို့ ခွင့်ပြုပါအုံး''
ပြောပြီးထိုလူထွက်သွားမှ... ရှင်းသန့်လဲ ကိုယ့်နဖူး ကိုယ်ရိုက်ကာ