❤ My Little Ko Ko ❤ Part - 15

3.3K 133 3
                                    

💫 Unicode version 💫

Holiday ရတဲ့ရက်လေး ထုံးစံအတိုင်း ခရီးတိုလေးထွက်ခဲ့ကြသည်။ နှင်းတွေတဖွဲဖွဲကြကာ မြူတွေဆိုင်နေသဖြင့်ကားကို ဂရုတစိုက်မောင်းနေတုန်း....

" မောင်....ချမ်းတယ်...အရမ်းချမ်းတယ်.."

ကိုကို့ဆီမှ ညည်းသံလေးကြားသဖြင့် ဘေးကိုလှည့်ကြည့်လိုက်တော့ မျက်နှာလေးမှာ နီရဲကာ နှုတ်ခမ်းလေးတွေတဆတ်ဆတ်တုန်နေတာမို့ heater များမတင်မိဘူးထင်မိကာ heater ကိုကြည့်လိုက်တော့ 23°C ကိုကိုနဖူးလေးလှမ်းစမ်းလိုက်တယ်ဆို

" ဟင်....ကိုကို ကိုယ်တွေအရမ်းပူနေပါလား "

ရင်ထဲ စိုးရိမ်စိတ်ကြီးစိုးသွားတာနဲ့ကားကို လမ်းဘေး ထိုးရပ်လိုက်ကာ

" ကိုကို...ကိုကို ကျတော်ခေါ်တာကြားလား "

မျက်လုံးလေး ဖွင့်လာကာ ခေါင်းလေးငြိမ့်ပြပြီး ရင်ခွင်ထဲတိုးလာလေသည်။ မိမိလဲ ချမ်းတယ်ပြောတာကြောင့် ဖက်ထားပေးလိုက်သည်။

မိမိကားရုတ်တရတ်ရပ်လိုက်လို့ထင်ပါရဲ့ ဇေယျာတို့ ခွန်းမာန် တို့ဆင်းလာကာ မှန်တံခါးခေါက်သဖြင့် မှန်ချပေးလိုက်တယ်ဆို ခွန်းမှ

" အောင်မလေး.... ခရီးတောင်တဝက်ပဲရှိသေးတယ် တစ်တီတူး နေလိုက်ကြတာ "

" ခွန်း..မင်းထင်သလို လျောက်ပြောမနေနဲ့ ကိုကို အဖျားတွေတက်နေလို့ကွ တောက်"

စိတ်တိုသွားကာ ပိတ်အော်လိုက်ပြီး တောက်ပါခေါက်လိုက်တော့ ကိုဟန်ငြိမ်းမှ

" ဟာ...sry sry ကိုယ်တောင်ပန်တယ်ပါ ရှင်းသန့် ညီ..မင်း...တိတ်တိတ်လေးနေစမ်း "

ခွန်းအားဆူလိုက်ပြီး

" ဘယ်လိုလုပ်မလဲ ခုကအစောကြီးပဲရှိသေးတယ် အရမ်းတွေကိုယ်ပူနေလား "

" omm အရမ်းပူနေတယ် ပြီးတော့ ချမ်းတယ်ပဲပြောနေတယ်... "

" နေအုံး.... ဆေး....ဆေးသေတ္တာ ပါလာတာပဲ အဲ့ထဲမှာ အပူကျဆေးလေးဘာလေးရှိမှာပဲ "

ပြောလဲပြော အာကာမှာ သူ့ကားဆီပြန်ပြေးသွားလေသည်။ ​ဆေးရလာတယ်ဆို ရေနွေးဗူးလေးပါတစ်ခါထဲ ယူလာလေသည်။

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now