❤ My little ko ko ❤ Part 4

6.1K 297 4
                                    

💫 Unicode version 💫

ခန့်လဲ ဟန်ငြိမ်းမှာ အသိတစ်ယောက်နဲ့ တွေလို့နှုတ်ဆက်နေတုန်း toilet ဘက်သို့ထွက်ခဲ့သည်။

ရှင်းသန့်...နှုတ်မှ နာမည်တစ်ခုကိုရေရွတ်လိုက်သဖြင့် ကျန်တဲ့သူတွေမှာ အံ့သြကာ..

" ဟျောင့်... မင်းဘယ်သူ့ကို ခေါ်လိုက်တာလဲ "

ရှင်းသန့်လဲ အတင်းထကာ နောက်မှ လိုက်လာပေမယ့် လူတစ်စုနဲ့ ဝင်တိုက်မိပြီး အတင်းတိုးထွက်သွားသော်လဲ ပျောက်သွားသဖြင့်... ဟိုကြည့်ဒီကြည့်ရှာနေတုန်း

နောက်မှ ခွန်းမာန်တို့လိုက်လာကာ တိုက်မိတဲ့သူတွေကို တောင်းပန်ပြီး

" ဟျောင့်...ဘယ်သူမို့ အသဲအသန်လိုက်ရှာနေတာလဲ "

" အဆက်ဟောင်းလား.... ? "

" မဟုတ်လောက်ဘူး...ဒီကောင် one night stand ပဲထားခဲ့တာလေ "

ခွန်းမာန်တို့ တစ်ယောက်တပေါက်ပြောနေသည်ကို ဂရုမစိုက်အားဘဲ....

" ငါ...ငါ မျက်စိမမှားဘူး သူမှသူအစစ်ပါ "

ထိုအခါမှ....သုံးယောက်သားတစ်ပြိုင်ထဲ အသံထွက်လာတာက.

" မင်း...ရှာနေတဲ့ hotel ကကောင်လေး "

ထိုအခါခေါင်းသာငြိမ့်ပြလိုက်သည်။ ခွန်းမာန်တို့လဲ စိတ်ဝင်စားသွားသဖြင့် ဟိုဟိုဒီဒီလိုက်ရှာနေကြသည်။

ခန့်လဲ သန့်စင်ခန်းမှ ထွက်အလာ ရှေ့ကလူစုဆီ မျက်စိအရောက်....

' ဟင်...ဟိုကောင်လေးက ဟန်ငြိမ်း စိတ်ဝင်စားတယ်ဆိုတဲ့ ကောင်လေးမလား ပုံထက်အပြင်မှာ ပိုချောသားပဲ ခုလိုကျတော့လဲ ကလေးပုံလေး '

စိတ်ထဲမှ မှက်ချက်ပေးရင်း လမ်းလျောက်အလာ မိမိကိုကျောပေးကာ ရပ်နေသူမှ ဒီဖက်သို့လှည့်လာသဖြင့် တစ်ချက်ကြည့်လိုက်တော့..

" ဟင်...သူ....သူ...ပဲ "

ခန့်လဲ မိမိဘေးမှဖြတ်သွားတဲ့ အုပ်စုနဲ့ ရောပြီး ကွယ်ကာထွက်လာသည်။ သူတို့နားဖြတ်တော့ နားထဲကြားလိုက်တာက ' ဂျင်းဒူးပြဲအနက်လေးနဲ့ စပို့ရှပ်အနီလေးကိုမှ ရင်ဘတ်နားမှာ စာတန်းအဖြူအသေးလေးပါတယ့်သူတစ်ယောက်ဆိုလို့'
မိမိကိုယ်ရှာနေမှန်းသိသောအခါ...

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now