💫 Unicode version 💫
ဒီနေ့ ခွင့်ယူထားတာပြည့်ပြီမို့ အလုပ်သို့ အစောထွက်လာခဲ့သည်။ သူက မလုပ်ခိုင်းတော့ ပေမယ့်လဲ မိမိကိုယ်ပိုင်ဝင်ငွေနဲ့သာ ကျောင်းတက်လိုသည်။ တော်ကြာ စပွန်စာရှာပြီး ကျောင်းတက်တယ် အပြောမခံနိုင်ပေ.. ပြီးတော့ ချစ်သူကချစ်သူပဲ ကိုယ့်ဝင်ငွေကိုယ်သုံးတော့ မျက်နှာအောက်မကျဘူးပေါ့ သူ့လောက်မရှာနိုင်ပေမယ့်လဲ.....
" ဟယ်...ခန့်လေး အစောကြီးပါလား"
" ဟီး... ဟုတ်တယ် အမရေ ခွင့်ရှည်လဲ ယူထားမိတယ်လေ "
" ဟုတ်ပြီ...ကြိုးစား 5ting "
ပြောပြီး မိမိလဲ ပစ္စည်းတွေကို နေရာချနေလိုက်သည်။
မိမိမှာ အလုပ်လဲကြိုးစား ပျက်ရက်မရှိသောကြောင့် သူဌေးမှ နားလည်မှုဖြင့် ခွင့်ရှည်ပေးခြင်းပင်...မဟုတ်လျှင် ခုချိန် အလုပ်လက်မဲ့နေလောက်ပြီ...ဘာလိိုလိုနဲ့ နေ့လည်စာအချိန်သို့ပင် ရောက်လာခဲ့ပြီ..
" ခန့်လေး...နေ့လည်စာ သွားစားလေ အမ ကြည့်ပေးထားမယ်.. "
" ရတယ်..မဟန်သီ ကျတော် ဗိုက်မဆာသေးဘူး "
" ကိုခန့်...ထမင်းချိုင့် မပါဘူးမလား နိုးနိုးတို့နဲ့ လာစားလေ "
" အာ...ရတယ် တကယ်ဗိုက်မဆာသေးလို့ပါ ဆာမှ ကော်ဖီမှာသောက်တော့မယ် "
ပြုံးကာ ပြန်ပြောလိုက်သည်။ ဝယ်သူလာတာနဲ့ စကားလဲ မဆက်ဖြစ်တော့ပေ...
" ဒါမျိုး size 8 ရှိလား "
" ရှင်...ဟုတ်ကဲ့ တစ်ချက်ကြည့်ပေးမယ်နော် "
" နိုးနိုးရေ.. "
ခန့်လဲ အားနေတာနဲ့
" ကျတော်ရှာခဲ့ပေးမယ် အမရေ "
ပြောပြီးနောက်ဖက် ဂိုထောင်မှာ ရှာပြီး ယူလာခဲ့လေသည်။
" အမ ဒီတစ်ရံပဲရှိတော့တယ်.."
" ဒါဆို ဟိုအန်တီကို တစ်ချက်ပြပေးနော် မဟန်သီက toilet ခနသွားတော့ ကောင်တာ ခနထိုင်ပေးနေလို့ အမက "
ရတယ် ပြောပြီး ဖိနပ်တန်းဘက်ဝင်လိုက်တယ်ဆို
" ဟင်.... "