💫 Unicode version 💫
ဟန်ငြိမ်း ခွန်းလေးက မနက်စားမစားရသေးဘူးဆိုတာနဲ့ မနက်စာလိုက်ကျွေးခြင်းပင်...
" ကလေး...နောက်ကို မနက်စာ မစားဘဲ မနေရဘူးနော် "
" ကိုကလဲ.... ခွန်းက တစ်ယောက်ထဲမှ မစားချင်တာ "
" ကိုယ်မှမအားတာ ကလေးရဲ့ "
ဟွန့်ဆိုပြီး နှုတ်ခမ်းထော်သွားတာနဲ့
" ဒါဆိုဒီလိုလုပ်.... ကိုယ်အားတဲ့ရက်တိုင်း အတူတူစားမယ် ကိုယ်မအားရင် ခန့်လေးနဲ့ စားနော် "
" ဟွန့်... ကိုခန့်ကလဲ ရှင်းသန့်နဲ့ စားမှာပေါ့ တော်ပါပြီး သူများကြားဝင်မရှုပ်ချင်ဘူး ရတယ် "
" ကလေးရယ်...စိတ်မဆိုးပါနဲ့နော်... နော်... နော်လို့ "
ဘာမှပြန်မပြောဘဲ ပြတင်းပေါက်ဖက် သာလှည့်နေသည်။ ကားမောင်းနေတုန်းမို့ လက်လေးလှမ်းကိုင်တော့လဲ ပုတ်ထုတ်လေသည်။
တကယ်တော့ ဒီရက်ပိုင်း company ခွဲအတွက် အလုပ်ရှုပ်နေတာနဲ့ ခွန်းကို အချိန်မပေးဖြစ်ပေ..... ဖုန်းနဲ့သာစကားပြောဖြစ်လေသည်။ ဒီနေ့ဘယ်လိုမှမနေနိုင်တာနဲ့ အလုပ်လေးခနထားကာ တွေ့တော့ ကိုယ်တော်လေးမှာ မနက်စာ မစားရသေးဘူးဆိုတာနဲ့ လိုက်ကျွေးခြင်းပင်...
' ဒီကလေး တယ်ခက်တယ် အစားကိုပုံမှန်မစားရင် အစာအိမ်ကပြန်နေမှဖြင့် '
စိတ်ထဲတွေးကာ စိတ်လဲကောက်နေတာမို့...
" ကလေး... ဒီနေ့ ကိုယ်က တစ်နေ့လုံး ကလေးနားနေမို့တွေးနေတာ ကလေးကခုလိုစိတ်ကောက်တော့ ကိုယ်ကဘယ်လိုနေရမလဲ "
တစ်နေ့လုံး ဆိုတဲ့ အသံလဲကြားရော ချက်ချင်း လှည့်လာကာ
" တကယ်လား... လျောက်မပြောနဲ့ "
" တကယ်ပြောတာ "
"အလုပ်ကို ပိုခင်တွယ်နေသူကများ အပိုပြောပြီ "
" မဟုတ်ပါဘူးကွာ တစ်ကယ် ဒီနေ့ကလေးနား နေမလို့ ကိုယ်က လွမ်းနေတာလေ ကလေးကို "
" ဟွန့်...ကလေးကလဲ လွမ်းနေတာပါနော် "
ပြောပြီး လည်ပင်းကို လာသိုင်းဖက်ကာ ပါးကိုလာနမ်းလေသည်။