💫 Unicode version 💫
ဒီနေ့ခန့်လေးနဲ့ တွေ့ရမှာမို့ အလုပ်ကိစ္စတွေကို အတွင်းရေးမှူးလေးနဲ့ လွှဲကာ တိုက်ခန်းသို့ လာခဲ့လိုက်သည်။
" တင်း...တောင် "
Bell သံကြောင့် ဟန်ငြိမ်းရောက်လာပြီ ဆိုတာသိတာနဲ့...တံခါးဖွင့်ပေးလိုက်ကာ..
" ဟန်ငြိမ်း... လာဝင်ခဲ့ "
ပြောပြီး မိမိမှ လှည့်ဝင်လိုက်တယ်ဆို...
" ကိုခန့်....ဟီးးး"
ကိုခန့်ဆိုကာ ဟန်ငြိမ်းနောက်မှ သွားဖြဲလေးနဲ့ ထွက်လာတဲ့ ခွန်းမာန်...
" ကျတော်ပါလာလို့ စိတ်မဆိုးပါနဲ့နော်....ကို့ကိုလဲ အပြစ်မတင်ပါနဲ့..ကျတော်အတင်းလိုက်လာတာပါ ကိုခန့်..အဆင်ပြေမပြေသိချင်လို့ပါ "
မိမိလဲ ဘာမှမဖြစ်တာနဲ့...
" ရပါတယ် မာန်ရဲ့...ဘာမှမဖြစ်ပါဘူး "
ပြောပြီး.. ထိုင်ခုံမှာထိုင်ခိုင်းကာ...
" ဟို ဘာမှတော့ စားစရာမရှိဘူး... ခုနက pizza မှာထားတာပဲရှိတာ "
ပြောပြီး cola နဲ့ pizza
ချပေးလိုက်သည်။ မိမိဝင်ထိုင်လိုက်တာနဲ့ ဟန်ငြိမ်းမှ....မေးခွန်းပေါင်းများစွာ တရစပ်မေးသောကြောင့်... မိမိမှာ အအေးတစ်ငုံသောက်ပြီး.." ဟျောင့်.. ဘာမှမဖြစ်လို့ မင်းရှေ့မှာ ငုတ်တုတ်ကြီး ထိုင်နေတာပေါ့ကွာ "
" မင်းကလဲ ငါတို့ဘယ်လောက်စိတ်ပူနေရလဲ မင်းသိလား ဖုန်းဆက်တော့လဲ စက်ပိတ်ထားတယ်"
"ဟီး.....အားကုန်သွားလို့ပါ "
" မညာနဲ့....တစ်ပတ်တောင်အားကုန်စရာလား ဟုတ်တယ် မင်းရောက်နေတာ ဘိုးတော်ဘုရားခေတ်ဆိုတော့ မီးကမရဘူးလေ "
" ဟဲ..ဟဲ ငါကစတာပါ.. ပြောပြမယ် ဟို...ငါကြီးကြီးမြတို့ ရွာကို ရောက်နေတာပါ "
" ကြီးကြီးမြ ဆိုတာက?"
နှစ်ယောက်သား ပြိုင်တူမေးသဖြင့်....ဖြစ်ကြောင်းကုန်စင်အားလုံးပြန်ပြောပြလိုက်သည်။
ပြီးတာနဲ့ မောသွားကာ အအေးသောက်နေတုန်း.. ခွန်းမာန်မှ ...
" ကိုခန့်...ခုပြောသွားတဲ့အထဲမှာ ချောင်းသာမှာ ရှင်းသန့်နဲ့ ဘာဖြစ်သွားတယ်ဆိုတာ မပါဘူးနော် "