❤ My Little Ko Ko ❤ Part 23

2.9K 114 2
                                    

💫 Unicode version 💫

ရှင်းသန့် နှိုးတယ်ဆို ဘေးဘီဝဲယာကြည့်လိုက်တော့ ကုတင်ဘေးမှာ အိပ်ပျော်နေတဲ့ ခွန်းကိုတွေ့တာနဲ့

" ခွန်း...ခွန်း... ထတော့ "

ခွန်းမှာ အိမ်မက်ထဲကိုနဲ့သာယာနေတုန်း လာနှိူးသဖြင့်

" ဟင်...အင်း..ဘယ်သူလဲ ဘာလို့လာနှိုးတာလဲ "

ဆိုကာ အိမ်မှုံစုံမွှားနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှင်းသန့်မှာ ငုတ်တုတ်ထိုင်နေတာနဲ့

" ဟင်...ရှင်း...ရှင်းသန့်..မင်း...မင်းသတိရလာပြီ မင်း..ဘာမှမဖြစ်ဘူးနော် "

ဆိုကာ ပုခုံးနှစ်ဖက်ကိုင်ကာ ဆွဲလှုပ်နေသဖြင့် ရှင်းသန့်လဲ...

" အေး...ဘာမှမဖြစ်ဘူး ဒါပေမယ့် မင်းလုပ်တာနဲ့သေတော့မယ် ဖယ်စမ်း "

ဆိုပြီးဆောင့်တွန်းလိုက်ကာ ရေချိုးခန်းထဲဝင်သွားလေသည်။

ခွန်းလဲ ခုမှစိတ်ချသွားပြီး ဟန်ငြိမ်းကို message ပို့လိုက်လေသည်။

ရှင်းသန့် ရေမိုးချိုးပြီး မနက်စာစားတဲ့အထိ စကားမပြောသေးတာနဲ့ ခွန်းကအရင်စပြီး

" ရှင်းသန့်...မင်း...ခုဘယ်သွားမှာလဲ "

" ဘယ်သွားရမှာလဲ company ပေါ့ ကြောင်တောင်တောင် နဲ့ "

ဆိုကာ အစားသာဆက်စားနေပြီး ဖုန်းလာတာနဲ့ ထသွားလေသည်။ ခွန်းလဲ အစားသာဆက်စားနေပြီး ရှင်းသန့်ကို ကိုခန့်ကိစ္စခုပြောရင်ကောင်းမလား မကောင်းမလားစဥ်းစာနေတုန်း

" မင်း...အိမ်ပြန်မှာမလား ငါနဲ့လိုက်ခဲ့လေ "

" ဟင်... ဟင့်အင်း ငါbarကိုသွားလိုက်အုံးမယ် အာကာတစ်ယောက်ထဲမို့ "

" အာ့ဆို ငါသွားပြီ အော် ညကျမှတွေ့မယ် "

" အေးအေး...ဖြည်းဖြည်းမောင်းအုံး "

ခေါင်းသာပြန်ငြိမ့်ပြပြီး ထွက်သွားတဲ့ ရှင်းသန့်ကျောကုန်းလေးငေးကြည့်ကာ သက်ပျင်းသာချလိုက်လေသည်။

တအောင့်နေတော့ ခွန်းလဲ ကြီးကြီးတို့ကို နှုတ်ဆက်ကာ ပြန်ခဲ့သည်။

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now