💫 Unicode version 💫
ရှင်းသန့်... ဒီနေ့ လန်းဆန်းနေသည်။ သူထူးမြတ်ကို စီစဥ်ခိုင်းထားတဲ့ ကိစ္စလဲ အဆင်ပြေသလို... ဒီညနေ သူဒီဇိုင်းအပ်ထားတဲ့ လက်စွပ်လေးကလဲ ရပြီဆိုတာနဲ့ ညနေအတွက် တွေးရင်း ဝမ်းသာနေတုန်း ခွန်းဆီမှ message ဝင်လာသဖြင့်.... ယူကြည့်လိုက်တော့
💬 ရှင်းသန့်....မင်းခုချက်ချင်း.... Golden hotel ကိုလာခဲ့ပါ 💬
စာကိုဖတ်ကြည့်ပြီး
' ဘာလဲ ခွန်းကလဲ စားသောက်ဆိုင်မချိန်းဘဲ hotelကို ချိန်းရတယ်လို့ ဒီကောင်ရူးနေလားမသိ '
ပြောလိုက်တော့လဲ စိတ်ထဲမှာ နည်းနည်းထူးဆန်းနေတာနဲ့ ဖုန်းလှမ်းဆက်လိုက်သည်။
" hello ခွန်း.... ဘာကိစ္စရှိလို့လဲ ငါ့ကို ချိန်းတာ "
" ငရှင်း..... မင်းဒီကိုလာမှ ဖြစ်မယ်... "
" ဟျောင့်....ဘာလို့လဲ ငါမအားဘူး "
အမြဲလို လှမ်းစတယ်ထင်ကာ ဖုန်းချပစ်မို့ရှိသေး..
" ကိုခန့်....ကိစ္စ "
ကိုကို ကိစ္စတဲ့ ရှင်းသန့်လဲ ကိုကိုကိစ္စမို့ဘာမှမမေးတော့ဘဲ ဖုန်းချပြီး ထွက်လာခဲ့လိုက်သည်။
တစ်လမ်းလုံး ကိုကို ကိုဖုန်းခေါ်တော့လဲ မရပေ.... နောက်ဆုံးအိမ်ဖုန်းကိုဆက်တော့ ကိုကို အပြင်ထွက်သွားတယ်တဲ့ လူတစ်ယောက်လာခေါ်သွားတယ်တဲ့ ဖုန်းက အခန်းထဲမှာကျန်ခဲ့တယ်တဲ့ ringtone သံကြားရတယ်တဲ့...
ရှင်းသန့် စိတ်ထဲ နည်းနည်းတော့ မတင်မကျဖြစ်မိသည်။ ဒါနဲ့ hotelကိုမောင်းလာခဲ့သည်။ ရောက်တာဆို ကားပေါ်ကတောင်မဆင်းရသေးဘူး message သံကြားလို့ ဖွင့်ကြည့်လိုက်တော့ ကိုကိုနဲ့ လူတစ်ယောက် hotelခန်းသော့ယူနေ တဲ့ပုံပင်....
ပုံကိုကြည့်ကာ မိမိမျက်လုံးပင် မယုံနိုင် ရှင်းသန့် ကားပေါ်က အမြန်ဆင်းကာ hotelထဲသို့ခြေလှမ်းကြဲကြီးတွေနဲ့ပင် ဝင်လာခဲ့သည်။
စိတ်ထဲမှာလဲ မဟုတ်ပါစေနဲ့သာ ဆုတောင်းနေခဲ့သည်။ သူအရမ်းကြောက်တယ်.. ကိုကိုသူ့ကိုထားသွားမှာကို...
ခွန်းလဲ ရှင်းသန့်ကို စောင့်နေတာ မလာနိုင်တာနဲ့ ကိုခန့်နဲ့ဟိုလူတို့ အခန်းသော့ယူနေတုန်းက ပုံကို ပို့လိုက်သည်။ ဘာမှမပြောဘဲ ဖုန်းချသွားတော့ ရှင်းသန့် မလာဘူးထင်ကာ ပို့လိုက်ခြင်းပင်...