အခန်း-၃၆

8.1K 1.4K 233
                                    

အခန်း-၃၆

လမ်းခွဲပစ်မယ်

"ကိုယ် သွားရင် အခန်းထဲကနေ လျှောက်ထွက်သွားမနေနဲ့ ဦး ဒဏ်ရာတွေဘာတွေ ရနေဦးမယ်" ချင်ရှောင်ယွီက ထပ်တလဲလဲ သတိပေးသည်.. "ဒီတောင်ကြားမှာ ထောင်ချောက်တွေက အရမ်းများတာ"

"....ပန်းသူခိုးကိစ္စကရော" ချန်လင်က အဲ့ကိစ္စကို ရင်ထဲအသဲထဲက လန့်နေသူမို့ မေးလိုက်သည်.. သူ့ခရေသေးသေးလေးကိုတော့ ဘလိုနည်းနဲ့မှ အခြွေမခံနိုင်ပါ.. တော်ကြာ သူအိပ်နေတုန်း တခုခု လုပ်သွားမှဖြင့်..

ချင်ရှောင်ယွီက သူ့ခေါင်းကို အသာလေးပုတ်သည်.. "သူ့သိုင်းပညာ က တဖက်ကမ်းခက်အောင်တော်နေပါစေ... မြို့ထဲမှာသာ ပြဿနာရှာလို့ရမယ်.. ချုံဟွာတောင်ကြားက ထောင်ချောက်တွေက ယဲ့ကျင်း ၅နှစ်လောက်လူရောစိတ်ရော နှစ် အချိန်ကုန်ခံပြီး သေချာဆောက်ထားတာ ရှောင်ဝူလို သိုင်းသမားမျိုးဖြစ်နေရင်တောင် မဝင်နိုင်တာ မုဒိန်းကောင်လောက်ကတော့ အေးဆေးပဲ"

"သေချာလား" ချန်လင်က မရေမရာနှင့်မေးသည်.. ဒီလို ၂၄နာရီ စောင့်ကြည့် ကင်မရာ မရှိတဲ့ ခေတ်မှာ သူဘလိုမှ ဖင်မလုံပါ..

"သေချာတာပေါ့.. ဒါ့အပြင် သူ့မှာ အတောင်ပေါက်ပြီး ပျံဝင်လာတယ်ထား ... အရိပ် ဂိုဏ်းနဲ့ နေလ အဖွဲ့သားတွေက အပြင်မှာစောင့်နေသေးတာပဲ " ချင်ရှောင်ယွီက သူ့ဆံပင်ကို ခြောက်အောင် ကူသုတ်ပေးရင်း ပြောသည်.. "မင်းသာ ကိုယ့်စကားကို နားထောင်ပြီး အခန်းထဲအေးဆေးနေသရွေ့ ဘာမှ မဖြစ်စေရဘူး"

"အေးကွာ" ချန်လင်က စောင်ပုံထဲသို့ လှိမ့်ဝင်လိုက်ပြီး သူ့ကို မျှော်လင့်တကြီး ကြည့်သည်... စိတ်ထဲတွင်တော့ မင်းစောစောပြန်ခဲ့ နော်.. ငါက တယောက်တည်းဆို ဘာမှ အသုံးမကျတော့ဘူး... ဟုတွေးနေမိသည်..

ချင်ရှောင်ယွီက သူ့ကိုစောင်ဖြင့်သေချာခြုံပေးပြီးနောက် လှည့်ထွက်သွား၏...

ဝါးရုံတော၏တနေရာ တွင် ရှိသည့် ဝါး အိမ်လေး၏ခေါင်မိုးပေါ်တွင် ယဲ့ကျင်းက ထိုင်ကာ သေရည်သောက်နေသည်.. လမင်းထံမှ ဖြာကျ နေသော အလင်းရောင်.. တိုးဝှေ့နေသော လေပြည်.. တလွင့်လွင့်နှင့် မြစိမ်းရောင်ဝတ်ရုံစတို့အပြင် အနားတွင် ဝေ့ဝဲနေသော လိပ်ပြာငွေရောင်လေးများက သူ့ ကို နတ်ဘုရားတပါးအသွင် ဆောင်စေသည်..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now