အခန်း-၈

9.4K 1.5K 58
                                    

"စာကြိုးစားသူ"

နည်းပညာမြင့်မားတဲ့ မော်ဒန်ခေတ်ကာလကလာတယ်ဆိုပေမယ့် ဘာသတိပေးချက်မှမရှိဘဲ ဇာမဏီကြီး တစ်ကောင်လုံး ဘွားခနဲတွေ့လိုက်ရတာတော့ များလွန်းပါတယ်.. ထို့ကြောင့် ချန်လင်တစ်ယောက် သတိလစ်နေစဉ် အိမ်မက်များ အသည်းအသန်မက်နေတော့သည်.. အိမ်မက်ထဲတွင် သူက တောထဲတွင် အသက်လုပြေးနေပြီး အနောက် ကဇာမဏီမိခင်ကြီးက လိုက်ကာ ပါးစပ်ကလဲ မီးများမှုတ်ထုတ်သည်... ဒီလိုနဲ့ သူ အမောတကောပြေးရင်း လူတွေနဲ့ ဈေးတစ်ခုထဲ ရောက်သွားတယ်.. နားလို့ရပြီ ဆိုပြီး စိတ် သက်သာသွားရုံ ရှိသေး ငှက်ကောင်းငှက်မြတ် အသားကိုစားရကောင်းလားဆိုပြီး ကောင်းကင်ပေါ်က မိုးကြိုးက သူထိုင်နေရာကို တည့်တည့်လှမ်းပစ်သည်.... သူကြောက်လန့်တခြား ပြေးဖို့ ဘေးကိုကြည့်လိုက်ချိန်မှာတော့ မင်္ဂလာဆောင် ၀တ်စုံ နီရဲရဲကြီးဝတ်ကာ သူ့ကိုပြုံးပြီးကြည့်နေသည့် ချင်ရှောင်ယွီကိုတွေ့လိုက်ရာ အိမ်မက်ထဲမှ လန့်နိုးလာတော့သည်..

"သခင်လေးနိုးလာပြီ" ပေါင်တိုးကပြောကာ သူ့ကိုဆွဲထူလိုက်သည်..

အခန်းတခုလုံး ဖယောင်းတိုင်မီးများနှင့်..သူချွေးများစို့နစ်နေရာကမေးလိုက်သည်.. " ငါသတိလစ်တာ ဘယ်လောက်ကြာပြီလဲ"

"တကယ် အံ့သြစရာပါပဲ ဗျာ သခင်လေးသတိလစ်တာ နာရီနဲ့ချီပြီးတောင်ကြာတယ်" ပေါင်တိုးက သူ့ကိုချွေးတွေသုတ်ပေးရင်းပြောသည်...

"ဂိုဏ်းချုပ်ကြီးနဲ့ ရှန်ကတော်တောင်လာကြည့်သွားသေးတယ် သမားတော်က ဘာမှမဖြစ်ဘူးပြောပြီးတော့ စိတ်ချပြီး တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြတယ်"

သူ့မိဘနဲ့ အစ်ကိုတွေပဲလား.. အားမရှိတဲ့ ချန်လင် လေသံခပ်ဟဟနှင့်မေးလိုက်သည်.. "ဟိုတစ်ယောက်ကော မလာဘူးလား"

"ဂိုဏ်းချုပ်ချင်ကိုပြောတာလား" ပေါင်တိုးကဥာဏ်ကောင်းသည်.. "ချင်ဂိုဏ်းချုပ်က သခင်လေးမမေ့ခင်ကတည်းက အပြင်ထွက်သွားတာ ခုထိပြန်မရောက်သေးဘူး.. လွမ်းလို့လား"
အေး ဟုတ်တယ် သူ့တင်မကဘူး သူ့တအိမ်လုံးပါလွမ်းတာ.. ချန်လင် စိတ်ထဲမှာ အရွဲ့တိုက်ဖြေလိုက်သည်.. အပြင်မှာတော့ လက်ကိုသာ အသာ ခါပြလိုက်ရင်း "သူ့အကြောင်းမပြောနဲ့တော့ အရင်ဆုံး အပြင်က ဇာမဏီအကြောင်းပြောပြ"

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now