အခန်း-၂၅

9.1K 1.5K 159
                                    

အခန်း-၂၅

ဆေးက တခုခု မှားနေပြီ

ရေနွေး ထဲလူဝင်စိမ်ပြီး ဆေးလဲသောက်ထားသော်လည်း ချန်လင်ရဲ့ အခြေအနေကတိုးတက်မလာပေ.. အဖျားကို ခက်ခက်ခဲခဲ ကျအောင်လုပ်ပြီးချိန်မှာတော့ အအေးဆိပ်ကထလာလေသည်.. ချန်လင် မျက်နှာတခုလုံးဖြူဆုတ် ကာ နာကျင်မှုကြောင့် စောင်အောက်မှာပုစွန်ထုပ်လေးလို ကွေးနေသည်..စောင်ကို ကျစ်ကျစ်ပါအောင်ဆုပ် ထားပြီး နဖူးတွင်လဲ ချွေးအေးများစို့လျက်...

"သက်သာအောင်လုပ်ဖို့နည်းလမ်းမရှိဘူးလား" ချင်ရှောင်ယွီ ဟွာထန်ဘက်ကိုလှည့်မေးလိုက်သည်..

ဟွာထန်က စိတ်မကောင်းဟန်နှင့်ပြောသည်.. "ဂိုဏ်းချုပ် ရဲ့ ရန် စွမ်းအင်က မြင့်တယ်.. ဂိုဏ်းချုပ်သာ ကြင်ယာတော်နဲ့ အတူနေမယ်ဆိုရင် နည်းနည်းတော့ သက်သာပါလိမ့်မယ်"

ချင်ရှောင်ယွီ မျက်မှောင်ကြုတ်သွားသည်..  "တခြားနည်းရော"

"တခြားဘာနည်းမှမရှိပါဘူး ဒီလိုပဲသည်းခံရမှာပါ" ဟွာထန်ကပြောသည်.. "နာရီတချို့ ကြာပြီးရင်တော့ အအေးဆိပ်က ပြန်ငြိမ်သွားပါလိမ့်မယ် "

"မင်းသွားလို့ရပြီ" ချင်ရှောင်ယွီ သက်ပြင်းချလိုက်သည်..

ဟွာထန်က အရိုအသေပေးကာထွက်သွားပြီး အခန်းတံခါးကိုပိတ်သွား၏

ချင်ရှောင်ယွီ သဘက်နွေးနွေးတထည်ဖြင့် ချန်လင့်နဖူးက ချွေးအေးများကိုသုတ်ပေးသည်..

"အေးတယ်" ချန်လင့်အသံက ကြောင်သေးသေးလေးနှင့်တူသည်..

"ခဏနေရင် မအေးတော့ဘူး..နော်" ချင်ရှောင်ယွီ သူ့လက်ကိုဆုပ်ကိုင်ပြီး အတွင်းအားနည်းနည်းချင်းလွှဲကာ နာကျင်မှုလျော့အောင်လုပ်ပေးသည်..

နွေးထွေးမှုက လက်ဖဝါးမှတဆင့် ဖြည်းဖြည်းချင်း သူ့တကိုယ်လုံးကိုလွှမ်းခြုံသွားသည်.. ချန်လင် အနည်းငယ်သက်သာသွားသဖြင့် မော့ကြည့်ကာ ကျေးဇူးတင်သည့်အနေဖြင့်ပြုံးပြသည်..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now