အခန်း-၁၉

8.7K 1.6K 105
                                    

"ဒါကြီးက ဖြစ်သလို တွေ့ရာလူစုစည်းထားတဲ့ အဖွဲ့ကြီးမဟုတ်ဘူးလား"

ညစာစားပြီးနောက် သူတို့ ၂ဦး ၁ယောက်နှင့် ၁ယောက်ထိုင်ကြည့်နေမိကြသည်..

အပြင်လဲထွက်လို့မရ လုပ်စရာကလဲမရှိနှင့် အတော်အနေရခက်သည့်အခြေအနေဖြစ်သည်..

ချန်လင်က စိတ်ကူးပေါက်ရာ ခေါင်းစဉ်တခုရှာပြီး စကားစပြောသည်.. "ထုံးစံဆို ဒီအချိန်ဘာလုပ်လဲ"

ချင်ရှောင်ယွီကပြန်ဖြေသည်.. "သိုင်းကျင့်တယ်"

"ထမင်းစားပြီးပြီးချင်း သိုင်းကျင့်တယ်?" ချန်လင့် မျက်လုံးများက သူ့ကိုသနားသလိုကြည့်လိုက်သည်.. သူရဲကောင်းကြီး.. အူအတက်တွေတော့ပေါက်ကုန်တော့မှာပဲ..

"ပျင်းလို့လား အပြင်ထွက်ချင်လို့လား"ချင်ရှောင်ယွီက မေးသည်..

"ငါထွက်လို့ရလား?" ချန်လင် မျက်လုံးများအရောင်တောက်သွားသည်..

ချင်ရှောင်ယွီကခေါင်းခါလိုက်သည်.. "မရဘူး"

ဒါဆိုဘာလို့ရှည်ပြီးလာမေးနေသေးလဲ.. ချန်လင် အနည်းငယ်နင်သွားပြီးတွေးလိုက်သည်.

"ဂိုဏ်းချုပ်" ငယ်သားတစ်ယောက်က တံခါးကိုလာခေါက်ပြီးပြောသည်.. "လွှတ်လိုက်တဲ့လူ ပြန်ရောက်လာပါပြီ ဒီကိုလာခိုင်းလိုက်ရမလား"

"မလိုဘူး" ချင်ရှောင်ယွီကပြောသည်.. "မင်းတို့အားလုံး အနောက်ခန်းထဲမှာစုနေကြ.. ငါအခုလာခဲ့မယ်"

"အပြင်သွားမလို့လား?" ချန်လင်ကစပ်စုသည်..

"အင်း. ဂိုဏ်းသားတွေနဲ့ ကိစ္စရှင်းစရာလေးတွေရှိတယ်" ချင်ရှောင်ယွီကမတ်တပ်ရပ်လိုက်သည်.. "ဒီမှာနေခဲ့ ဘယ်မှလျှောက်မသွားနဲ့"

"ငါလိုက်လို့ရမလား" ချင်လင် ကြိုးစားပြီးမေးလိုက်သည်.. သူ့ဂိုဏ်းကိစ္စတွေက သူနဲ့ မဆိုင်ဘူးဆိုပေမယ့် ဘလိုပဲဖြစ်ဖြစ် အခန်းထဲမှာနေတာထက်စာရင်တော့ ပိုကောင်းတာပဲလေ.. ပြီးတော့ အမှန်အတိုင်းပြောရရင် ကျွေ့ရင်ဂိုဏ်းရဲ့ သက်ဦးဆံပိုင် အရိပ်နောက်လိုက်တွေကိုလဲ မြင်ဖူးချင်သည်...

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now