အခန်း-၂၃

8.8K 1.6K 216
                                    

                               အခန်း-၂၃

သူတို့ကလာလုတာလား..ကိုယ်ကလုထားတာလား

လက်တစ်ဖက်က ချန်လင့်ကိုပွေ့ ....တဖက်က ဓားကို လက်ခနဲ ဆွဲထုတ် ကာ ချင်ရှောင်ယွီခုန်ရှောင်လိုက်သည်..

မျက်နှာဖုံးနှင့် လူ ၁၀ဦးခန့် အိမ်လေးထဲသို့ ဓားကိုယ်စီနဲ့ အပြေးဝင်လာကြ၏.. ထိုမြင်ကွင်းကိုမြင်သော ကလေးမက လန့်သွားကာ မတ်တပ်ရပ်လိုက်သည်..သူတို့ဘက်ပြေးလာဖို့ အပြင် ချင်ရှောင်ယွီက ခြေကိုမြှောက်ကာ ထိုလူသတ်သမားများဘက်သို့ ချိန်ပြီး ကလေးမအားရင်ဝကနေဆောင့်ကန်လိုက်သည်..

"ဟေ့ကောင်" ချန်လင် အလန့်တကြားအော်လိုက်သည်..

"သေခါနီးမကောင်းဆိုးဝါးကောင်.... ကိုယ့်ကိုယ်ကို ၁၂နှစ်လို့ပြောရဲသေးတယ်" ချင်ရှောင်ယွီ၏လေသံက တင်းမာလှ၏..

ချန်လင် အံ့အားသင့်သွားကာ တဖက်သို့လှည့်ကြည့်လိုက်သည်..

"ချင်ဂိုဏ်းချုပ်က တကယ်ပဲ မိန်းမငယ်တွေအပေါ်ညှာတာစိတ်မရှိတာပဲ" ကလေးမက ရယ်ပြီးပြောကာ မျက်နှာဖုံးကိုဆွဲချွတ်လိုက်ရာ ပါးရေတွန့်နေသော မျက်နှာတစ်ခုပေါ်လာ၏..

ထျန်းရှန်ထုန်လောင် version ကြီးပါလား (၀တ္တုဇာတ်ကောင်နာမည်.. သိုင်းအရမ်းတော်ပြီး အသက် ၈နှစ်၉နှစ်အရွယ်ပေမယ့် တကယ်က ၉၆နှစ်ရှိနေတဲ့သူ) ... ချန်လင် ကျောချမ်းသွားသည်... သူတိတ်တိတ်လေး တုန်ယင်သွား၏

"ဖုန်းကျိုရဲ့ ဘယ်မှာလဲ" ချင်ရှောင်ယွီက ခက်ထန်စွာမေးလိုက်သည်.."ဒီလူလောက်လေးနဲ့ ငါ့လက်ထဲကသူ့ကို လုချင်တာလား"

လုတယ်? ချန်လင် စိုးရိမ်သွားသည်..

"ဒါ လုတယ် ဘယ်ခေါ်မလဲ.. " တဖက်လူက ကျွတ်တချက်စုတ်လိုက်သည်.."ရှန်သခင်လေး ထိခိုက်ဒဏ်ရာရတယ်ဆိုလို့ တို့ ခေါင်းဆောင်ခမျာ မအိပ်နိုင် အစားနိုင်နဲ့ စိတ်ပူပြီး အတော်တောင်ပိန်သွားတယ်"

"ဟုတ်လား" ချင်ရှောင်ယွီက ချန်လင့်ကို မကျေနပ်သည့်အကြည့်နှင့် လှည့်ကြည့်သည်...

ချန်လင် ပါးစပ်က ဘာမှမပြောနိုင်ဘဲ စကားလုံးများတစ်နေသည်..သူနဲ့ ပတ်သတ်နေပြန်ပြီ...

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now