အခန်း-၁၃

9K 1.5K 100
                                    

" မင်းသားတွေ တစ်ယောက်ပြီးတစ်ယောက်"

"ကယ်ကြပါ" ထိုကတုံးကသူ့ကိုချီဖို့ ကြိုးစားချိန်မှာတော့ ချန်လင် ကြောက်အားလန့်အားဖြင့်အော်တော့သည်..

ကိုကတုံးမှာ အတော်လေးကို အံ့အားသင့်သွားဟန်နှင့်မေးသည်.. "မင်း ကယ်ကြပါလို့အော်တယ် ဟုတ်လား"

သောက်ပိုတွေ လာပြောနေ.... ကိုယ့်ကို ဖမ်းခေါ်သွားဖို့လုပ်နေတာကို အကူအညီအော်မတောင်းလို့ သူက ဘာလုပ်ရမှာလဲ.. ထိုလူကို လက်သီးဖြင့် တွန်းထိုးရင်းရုန်ကန်ကာ သူတွေးသည်..

"မင်း...မင်း....ကိုယ့်ကို တကယ်မမှတ်မိတော့ဘူးလား" ကိုကတုံးက စိတ်ထိခိုက်သွားသည့်မျက်ဝန်းများ ဖြင့် သူ့ကိုကြည့်သည်..

ချန်လင်ငိုချင်သွားသည်... ခဗျားကို ကျွန်တော်က ဘာလို့ မှတ်မိရမှာလဲ.. ရည်းစားဟောင်းတွေဘာတွေများလား..

"ဘာပဲဖြစ်ဖြစ်... အရင်လိုက်ခဲ့... ပြီးမှပြောကြမယ်"

သူက အကြမ်းနည်းကိုသုံးဖို့ဆုံးဖြတ်လိုက်ပုံရသည်.. ချက်ချင်းသူ့ကိုကောက်ချီကာ အပြင်သို့ ထွက်သည်..

"အောက်ချပေး" ချန်လင်ထိုလူ့ကို တွန်းကန်ရင်းခေါင်းခါသည်..

ထိုလူက လက်တဖက်လွှတ်ချလိုက်ပြီး ပါးစပ်ကိုလက်နှင့်အုပ်သည်.. "ထပ်ပြီးအသံထွက်ရင် သတိမေ့အောင် ရိုက်ပစ်လိုက်မယ်.."

ချန်လင်သူ့ကို အပြစ်ကင်းသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်.. "အနည်းဆုံးတော့ နာမည်ပြောပြလေ"

တစက္ကန့်ပဲဖြစ်ဖြစ် အချိန်ဆွဲနိုင်ရင် အဲ့တစက္ကန့်ကလဲ ရွှေပဲ..

"အစ်ကိုဖန်လေ" ထိုလူက အားတက်သရောပြောသည်... "အခု မှတ်မိပြီလား"

ချန်လင် မျက်လုံးပေကလပ်ပေကလပ်နှင့်သူ့ကိုကြည့်နေမိသည်.. သူမမှတ်မိပါ... ထိုလူ၏မျက်လုံးများအရောင်မှိန်သွားသည်.. "ကိုယ်အရမ်းခံစားရတယ်" ဆိုတဲ့ စာသားက မျက်နှာတစ်ခုလုံးပေါ်တွင်ထင်ဟပ်နေ၏

သူ့ပုံစံကိုကြည့်ပြီး ချန်လင်လဲတွေသွားသည်... ရုပ်ကြီးကသာ ဓားပြရုပ် နှလုံးသားက ဖန်သားလို ကြေကွဲလွယ်တဲ့ပုံ... တကယ်ကိုပဲ အပြင်ရုပ်နဲ့ အတွင်းစိတ်ကကွာခြားလွန်းပါတယ်...

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now