အခန်း-၃၃

12.8K 1.7K 251
                                    

အခန်း-၃၃

ကျွန်တော်တို့ ဘာမှမမြင်ဘူး

သူ့ရှေ့မှ ထို လူသားငယ်လေးကို ချင်ရှောင်ယွီ ပြုံးတုံ့တုံ့ဖြင့် ကြည့်နေမိသည်.. (A/N ကိုကိုနဲ့ ခေးကွ.. ၆နှစ်ကွာတယ်)

ဒါဘယ်လို အပြု အမူလေးလဲ.... တဖက်မှာတော့ ချန်လင် က ကိုယ့်အမူအယာကိုကိုယ် ကြက်သီးထနေပေမယ့် လို့ ဖြူစင်တဲ့ အင်နိုးစန့် အသွင်ကို မပျောက်စေဘဲ မျက်ဝန်းတွေထဲက ကြယ်တွေ တောက်ထွက်နေသည့်အလား သရုပ်ဆောင်ကောင်းနေတုန်း....

"မဖြစ်နိုင်တာတော့မဟုတ်ဘူး"ချင်ရှောင်ယွီက သူ့ပါးကို ဆွဲညှစ်လိုက်ရင်းပြောသည်.. "ချန်းဝူ ရေပေါ်ရွာက ဒီကနေဆို နည်းနည်းဝေးတယ်.. ချုံဟွာ ရွာကတော့ ရက်နည်းနည်းသွားရင် ရောက်တယ်"

"ဒါဆို ဘယ်တော့ စထွက်မလဲ" ချန်လင်က ပျော်သွားပြီးမေးသည်..

"မင်း ဘယ်လောက်လိမ္မာလဲ ဆိုတာပေါ် မူတည်တယ်"  ချင်ရှောင်ယွီက မျက်ခုံးတစ်ဖက်ပင့် ၍ ဆိုသည်..

ချန်လင် စိတ်တိုသွားသည်.. တော်တော်လည်တဲ့ ကောင်...

"ကိုယ့်ကို ယောကျာ်းလို့ အရင်ခေါ်" ချင်ရှောင်ယွီက အသဲယားဟန်နှင့်ပြောသည်...

"ငါ့ဘာသာ ငါ မသွားနိုင်တာကျလို့" ချန်လင် က မျက်စောင်းခဲ၍ ပြန်ပြောသည်..

"မင်းကြိုးစားကြည့်ချင်ကြည့်လေ.." ချင်ရှောင်ယွီက အေးအေးလူလူပင်ပြောသည်.. "ချုံဟွာ ရွာက ယဲ့ကျင်းသခင်က ကိုယ့် သူငယ်ချင်း.. သူက ချန်ဖုန်းနဲ့ တော့ သမိုင်းကြောင်းလေးတွေရှိတယ်"

ချန်လင် "......"

"ဒီလိုလုပ်ပါလား.. တချက်နမ်းလဲ ရတယ်လေ" ချင်ရှောင်ယွီက မေးကိုမော့ကာ ရယ်ချင်နေဟန်ဖြင့်ပြောသည်...

ချန်လင် သူ့ကိုတွန်းထုတ်လိုက်သည်.. "လာမထိနဲ့"

"စိတ်ဆိုးတာလား"  ချင်ရှောင်ယွီက ရယ်ချင်တာကို အတင်းချုပ်ထားပြီးပြောသည်..

ချန်လင်က စကားဆက်မပြောချင်တော့ပဲ သူ့ကို ကွေ့ကာ ရှောင်ပြီးပတ်ထွက်လိုက်သည်..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now