အခန်း-၁

75.1K 2.8K 149
                                    

 "ရုပ်ရှင်ဆန်ဆန် အချိန်နောက်ပြန်ခရီးသွားခြင်း နှင့် အရမ်းချောတဲ့သတို့သားလောင်း"

(၀တ္တုထဲမှာရှင်းပြရင် အရှိန်ပြတ်မှာစိုးလို့ ဒီမှာအရင်ရှင်းပြလိုက်ပါတယ်နော်... Gong zhu (ကုန်းကျူ) ဆိုတာ ခေါင်းဆောင် ဆိုတဲ့စကားလုံးနဲ့ မင်းသမီးဆိုတဲ့ စကားလုံး နှစ်ခုစလုံးရဲ့ အသံထွက်ပါ။ ဒီမှာတော့ ဂိုဏ်းချုပ်လို့ ဘာသာပြန်သွားပါမယ်)

သာယာတဲ့ နွေဦး ဖြစ်တဲ့ မတ်လ; နှင်းမှုန်နဲ့တူတဲ့ မိုးဖွားလေးများက ကျန်းနန်တလျှောက် ရွာသွန်းလျက်......

ဒီသတင်းဟာ တကယ်ကို ဆန်းကျယ်လွန်းတယ်။

သိုင်းလောက(1)ဟာ အခုချိန်မှာ ခေတ်စားနေချိန် ဆိုပေမယ့် သူရဲကောင်းတိုင်းရဲ့ အပြောအရ ဂိုဏ်းကြီးလေးဂိုဏ်းသာ အင်အားအကြီးဆုံးဖြစ်တယ်။ အရှေ့မြောက်အရပ်က ၀ူရွှဲမန်ဂိုဏ်း၊ အနောက်မြောက် အရပ်က သွမ်ချင်းဂူဂိုဏ်း၊ အနောက်တောင်အရပ်က ထန်အိမ်တော် နဲ့ နောက်ဆုံးဆိုပေမယ့် အညံ့ဆုံးမဟုတ်တဲ့ ကျန်းနန်မြို့ရဲ့ ရီရွယ့်(2) ဂိုဏ်း။

ဒီကံမကောင်းရှာတဲ့ ရှန်ချန်လင်လေးကတော့ ရီရွယ့်ဂိုဏ်းချုပ် ရှန်ဖုန်းရဲ့ အငယ်ဆုံးသား ရတနာတုံးလေးပါပဲ။ ရှန်ဖုန်းရဲ့ ကျက်သရေ နဲ့ သမာဓိကိုတော့ ဒီတလောကလုံး မသိသူမရှိပါဘူး။

"သနားစရာ လင်အာလေး!!!"

ခမ်းနားလှတဲ့ အိပ်ဆောင်ကြီးအပြင်တွင် အသက်လတ်ပိုင်းအရွယ်ရှိ လှပသော အမျိုးသမီးကြီးက အော်ဟစ်ငိုယိုနေသည်။ သူမမျက်နှာပေါ်က မိတ်ကပ်များကလည်း ပျက်ယွင်းလို့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ခမ်းနားလှတဲ့ အိပ်ဆောင်ကြီးအပြင်တွင် အသက်လတ်ပိုင်းအရွယ်ရှိ လှပသော အမျိုးသမီးကြီးက အော်ဟစ်ငိုယိုနေသည်။ သူမမျက်နှာပေါ်က မိတ်ကပ်များကလည်း ပျက်ယွင်းလို့....

"အမေ"
ဖျော့တော့ နူးညံ့တဲ့ လှပသော လူငယ်လေးတစ်ယောက် ပြတင်းပေါက်နားတွင်ပေါ်လာသည်။

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now